သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-11
မကြာခင်ရက်ပိုင်းက ရန်ကုန်မြို့မှာ တကြော့ပြန် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး၊ တနင်္လာနေ့က အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဦးဂမ္ဘီရ(ခေါ်)ဦးညီညီလွင် ကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2012-12-08
မြန်မာနိုင်ငံမှာ အမျိုးသားနေ့ကျင်းပရေးကို အစိုးရအဆက်ဆက်က ဂရုတစိုက် အားမပေးတော့တဲ့အတွက် သမိုင်းဝင်နေ့တစ်နေ့ဟာ တဖြေးဖြေး မှေးမှိန်လာနေရတယ်လို့ ဒီကနေ့ ကျရောက်တဲ့ ၉၂ နှစ်မြောက် အမျိုးသားနေ့မှာ ဝါရင့်နိုင်ငံရေးသမားကြီးတွေက ပြောပါတယ်။
2012-12-06
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး မြန်မာနိုင်ငံမြို့တစ်ချို့မှာ သံဃာတော်တွေ ထိုင်သပိတ်မှောက်ကြဖု့ိ အစီအစဉ်ရှိတယ်လို့ သတင်းရပါတယ်။ ပါဝင်ဆောင်ရွက်မယ့် ဆရာတော်တပါးဖြစ်တဲ့ ပခုက္ကူမြို့က ဆရာတော် ဦးကဝိန္ဒောဘာသ ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ကဆက်သွယ်မေးမြန်းထားပါတယ်။
2012-12-01
လက်ပန်းတောင်းတောင် သပိတ်တိုက်ပွဲတွေကို အစိုးရရဲတပ်ဖွဲ့တွေ အကြမ်းဖက်နှိမ်နင်းတဲ့အခါမှာ ကျော်ရွာနားက သပိတ်စခန်းမှာ မီးလောင်ဗုံးထိပြီး ဆေးရုံတက်နေရတဲ့ ကိုကျော်စွာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2012-11-28
မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအနီးက ပုဒ်မ (၁၄၄) ထုတ်ပြန်ထားတဲ့ နေရာမှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတွေကို ဒေသဆိုင်ရာအာဏာပိုင်တွေက ဒီကနေ့မနက် ၃ နာရီကျော်မှာ အင်အားသုံး ဝင်ရောက်ဖြိုခွဲခဲ့ ပါတယ်။
2012-11-25
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်မှာ ၂ ရက်ကြာ ပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲဟာ ဒီကနေ့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
2012-11-23
ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် က တိုင်းရင်းသား လူငယ်ကျောင်းသားတွေ ရာနဲ့ချီပြီး မနေ့ညက စစ်ကိုင်းကနေ မန္တလေးမှာ ရှိတဲ့ သူတို့ကျောင်းဟောင်းကို ပြန်ပြီးလမ်းလျှောက် ချီတက်လာသလို၊ ဒီနေ့တစ်နေ့လုံး မူလကျောင်းရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
2012-11-20
ကမ္ဘာမှာစစ်အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ စစ်တပ်ဟာ ပြည်သူရဲ့စိုးမိုးမှုအောက်မှာပဲရှိတယ်လို့ အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြောသွားတဲ့စကားဟာ အလွန်အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဦးဝင်းတင်က RFA နဲ့ ဆက်သွယ်မေးမြန်းချက်မှာ ပြောလိုက်ပါတယ်။
2012-11-04
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကနေ ၂၃ ရက်နေ့ အထိ ချက်ပြည်သူ့ သမ္မတ နိုင်ငံမှာ ကျင်းပတဲ့ လူထုအခြေပြု အဖွဲ့တွေရဲ့ Forum 2000 ပွဲနဲ့ အောက်တိုဘာ ၂၄ ရက်ကနေ ၂၆ ရက်နေ့ အထိ ဘေလာလူ့-မြန်မာဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တဲ့ NLD ပါတီ ပြည်သူ့လွတ်တော် ကိုယ်စာလှယ် ဦးအုန်းကြိုင် မနေ့က ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိပါတယ်။ ဆွေးနွေးပွဲအတွေ့အကြုံများကို ဦးအုန်းကြိုင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2012-10-30
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ဆွေးနွေးဖို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့ဝင်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ရောက်ရှိနေပါတယ်။
2012-10-29
၁၉၆၉ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့ပြီး နှစ်ပေါင်း (၄၀) ကျော်အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော် အတွက် ပြင်ဆင်ဆောင်ရွက်မှုတွေ ကြိုးပမ်းနေကြောင်း အားကစားဝန်ကြီး ဦးတင့်ဆန်းက RFA ကို ပြောပါတယ်။
2012-10-05
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အဓိက အကြောင်းတရားဟာ ဒေသခံ မူဆလင်တွေ သီးခြားနိုင်ငံ ထူထောင်လိုတာကြောင့် မဟုတ်ဘဲ ပညာရေး နိမ့်ကျမှုကြောင့်လို့ မောင်တောမြို့အခြေစိုက် ထင်ရှားတဲ့ မူဆလင်ကျောင်းဆရာ ဦးခင်ဇော် (ခေါ်) ချားရ်နူမာ က ပြောပါတယ်။
2012-09-29
ရခိုင်လူငယ်တစ်ဦးကို ရိုဟင်ဂျာမွတ်စလင်တွေ ဖမ်းဆီးသတ်ဖြတ်တယ်ဆိုပြီး ကောလာဟလထွက်ခဲ့လို့ မနေ့က လူတွေထောင်နဲ့ချီ စုဝေးခဲ့ကြတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့တော့ အခြေအနေတွေ အတော်ငြိမ်သက်နေပြီဖြစ်ပါတယ်။
2012-09-20
ဝါရှင်တန် ဒီစီ မြို့တော်အခြေစိုက် NED လို့ခေါ်တဲ့ National Endowment for Democracy အဖွဲ့က စက်တင်ဘာ (၂၀) ရက် ချီးမြှင့်မယ့် Democracy Award ကို လက်ခံယူဖို့ အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ ထိုင်း မြန်မာနယ်စပ် အခြေစိုက် မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
2012-09-12
နိုင်ငံတကာမှာ ရိုဟင်ဂျာလို့ ပြောဆိုနေကြတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသက ဘင်္ဂါလီ လူမျိုးစုတွေအနေနဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြနိုင်ရင် မြန်မာနိုင်ငံသား ဖြစ်ခွင့်ရှိတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။