သစ်တောပြုန်းတီးမှုရဲ့ နောက်ဆက်တွဲပြဿနာ
ရှင်ဒေဝီ
2020.10.30
2020.10.30
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့သစ်တောပြုန်းတီးမှုဟာ နှစ်စဉ် ဧက တစ်သိန်းခွဲလောက် ရှိခဲ့လို့ ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု တတိယများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ ပဲခူးရိုးမတောအတွင်း သစ်ထုတ်လုပ်မှုကို ၁ဝ နှစ်တာ ရပ်နားခဲ့ပါတယ်။
ဒါပေမဲ့ သစ်တောပြုန်းတီးမှုရဲ့ ဒဏ်နဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ နိုင်ငံအနှံ့မှာ ခံစားနေခဲ့ရပါပြီ။ ဒီအကြောင်း ရှင်ဒေဝီက RFA အတွက် ရိုက်ကူးတင်ဆက်ထားပါတယ်။