တစ်ရှူးးငှက်ပျော စိုက်ခင်းတွေကို ကချင်ဒေသခံတွေ ကန့်ကွက်
ရှင်ဒေဝီ
2020.08.28
2020.08.28
ကချင်ပြည်နယ်မှာ အကြီးအကျယ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ တစ်ရှူးငှက်ပျော စိုက်ပျိုးရေး လုပ်ငန်းတွေဟာ ဒေသခံတွေရဲ့ မြေယာပိုင်ဆိုင်မှုနဲ့ လူမှုရေး၊ ကျန်းမာရေး အခြေအနေတွေကို တနေ့တခြား ထိခိုက်လာနေလို့ ကန့်ကွက်မှုတွေ ရှိနေပါတယ်။
ဒေသတွင်း စီးပွားရေးအတွက် တရုတ်ရဲ့ ငှက်ပျောစိုက်ခင်း ရင်းနှီးမြှုပ်နှံမှုတွေက အထောက်အပံ့ ဖြစ်စေတယ်ဆိုပေမဲ့ ဘေးထွက်ဆိုးကျိုးတွေကို လက်မခံနိုင်တဲ့ ဒေသခံတွေ ရှိနေတဲ့အကြောင်း ရှင်ဒေဝီက RFA အတွက် ရိုက်ကူး တင်ဆက်ထားပါတယ်။