နိုင်ငံတဝှန်းမှာဖြစ်ပွားနေတဲ့ သစ်မှောင်ခိုမှုတွေ၊ သစ်ခိုးထုတ်မှုတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီး အတည်ပြုလိုက်ပါ တယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။