အခြေခံဥပဒေပြင်ဆင်ရေး- မကွေးမြို့

၂ဝ၈၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ပူးတွဲပြီး မကွေးမြို့မှာ ဟောပြောပွဲ ပြုလုပ်မယ့်နေရာကို ဒေသခံ အာဏာပိုင်တွေက ခွင့်မပြုပေမဲ့ မူလ သတ်မှတ်ထားတဲ့အတိုင်း ဒီကနေ့ ဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း မကွေးမြို့က RFA သတင်းထောက်ကိုဇော်တူးက သတင်းပေးပို့ထားပါတယ်။