ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ စီမံချက်အရ ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ရန်ကုန်မြို့တွင်းမှာ ကွန်တိန်နာ ကုန်တင်ယာဉ်တွေကို ည ၉ နာရီကနေ မနက် ၆ နာရီအတွင်းသာ မောင်းနှင်ခွင့်ပြုဖို့ သတ်မှတ်လိုက်ပါတယ်။ အခုလို အချိန်ကန့်သတ်လိုက်တဲ့အတွက် ကွန်တိန်နာကားတွေဟာ အချိန်မီ မြို့တွင်းထဲပြန်ဝင်ချိန်မှာ ကားတွေ အဆမတန်များပြီး ဒီကနေ့ ကမ်းနားလမ်းတလျှောက် ကြည့်မြင့်တိုင် ငါးဈေးအထိ လမ်းတွေပိတ်ဆို့ခဲ့ပါတယ်။ RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြထားပါတယ်။