မိုးစပါးစိုက်မယ့် လယ်သမားတွေရဲ့ အခက်အခဲ
2021.05.29
ပြီးခဲ့တဲ့နှစ်တွေနဲ့မတူဘဲ အခုနှစ် မိုးစပါးစိုက်မယ့်ရာသီမှာ တောင်သူတွေ အခက်တွေ့နေကြပါတယ်။ နွေစပါးစိုက်ချိန်ကထက် မြေဩဇာဈေး နှစ်ဆနီးပါး မြင့်တက်နေပြီး၊ ဒီဇယ်ဈေးနှုန်းတွေလည်း မြင့်တက်နေတဲ့အတွက် စိုက်ပျိုးစရိတ် အဆမတန် များနေပါတယ်။ တောင်သူတွေ အားထားနေရတဲ့ စိုက်ပျိုးရေးဘဏ်ချေးငွေ ရ၊ မရ ဆိုတာကလည်း မရေမရာ ဖြစ်နေတဲ့အတွက် လယ်သမားတွေ အရှုံးပေါ်ဖို့ များနေပါတယ်။
နှစ် ၅၀ ကျော် ဘဝတလျှောက်လုံး စပါးစိုက်ပျိုးလာတဲ့ ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်က တောင်သူတစ်ဦးကတော့… အရှုံးပေါ်ပြီး လယ်ရောင်းရတဲ့ဘဝ မရောက်အောင် အခုနှစ် မိုးစပါးကို ကြိုးစားပြီး စိုက်ရအုံးမယ့်အကြောင်း ပြောပါတယ်။ RFA သတင်းထောက် ဝေဝေလွင်က တင်ပြထားပါတယ်။