လှည်းကူး သပိတ်ကုန်းရွာ အဖြစ်အပျက်

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ စာဗူးတောင်းကျေးရွာအုပ်စု သပိတ်ကုန်းကျေးရွာမှာ တပ်ပိုင်မြေထဲမှာ ခြံခတ်တယ်လို့ စွပ်စွဲပြီး ရွာသားလေးယောက်ကို အမှတ် (၄) လေ့ကျင့်ရေး သင်တန်းကျောင်းက စစ်သားတွေက ရိုက်နှက်ပြီး ခြံစောင့်တဲကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။