မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို နှစ်စဉ် ဆန်တင်ပို့တဲ့ပမာဏဟာ ပြည်ပ ဆန်တင်ပို့မှုတွေထဲမှာ အများဆုံးဖြစ်ပေမယ့် တရားဝင် တင်ပို့ရတာ မဟုတ်တဲ့အတွက် နစ်နာမှုတွေ အများအပြား ရှိနေပါတယ်။ တရုတ်နိုင်ငံကို တရားဝင် ဆန်တင်ပို့နိုင်ဖို့ နှစ်ဘက် သဘောတူစာချုပ် ချုပ်ဆိုပြီးရင် တိုင်းပြည်အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရှိလာနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဘက် အတွင်းရေးမှူး ဒေါက်တာစိုးထွန်းကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
