ဦးနေဘုန်းလတ်နှင့် တွေ့ဆုံမေးမြန်းချက်

ရန်ကုန်မြို့မှာ ယာဉ်လိုင်းအသစ်တွေ စတင်ပြေးဆွဲမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ အများပြည်သူ သွားလာရ လွယ်ကူစေဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပရဟိတလူငယ်တွေက ကားမှတ်တိုင်တိုင်းမှာ စောင့်ဆိုင်းပြီး ကူညီကြမယ်လို့ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ကိုနေဘုန်းလတ်က ပြောပါတယ်။ ကိုနေဘုန်းလတ်ကို RFA သတင်းထောက် ကိုအောင်သိင်္ခက တွေ့ဆုံမေးမြန်းထားပါတယ်။