စစ်အာဏာရှင် ဆန့်ကျင်ရေး ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဆန္ဒပြနေသူတွေကို မတ်လ ၁၀ ရက် ဒီကနေ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။
သေနတ်ကျည်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုခွဲခဲ့တာကြောင့် ဒဏ်ရာရသူတွေလည်းရှိပါတယ်။ ဖမ်းဆီးခံရမှုနဲ့ ဒဏ်ရာရရှိမှု အခြေအနေတွေကို သပိတ်ခေါင်းဆောင်တစ်ဦးက RFA ကိုပြောပြထားပါတယ်။
