လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲမှု


2015-03-11
Share

ပဲခူးတိုင်း လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ဒီကနေ့ ရိုက်နှက်ဖြိုခွဲပြီး ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင် အပါအဝင် ကျောင်းသားနဲ့ အရပ်သားစုစုပေါင်း တစ်ရာနီးပါးကို ဖမ်းဆီးလိုက်ပါတယ်။ ရိုက်နှက်ခံရသူတွေထဲမှာ သတင်းထောက်တွေ၊ သပိတ်ကိုဝန်းရံသူတွေလည်း ပါဝင်ပါတယ်။ လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖြိုခွဲခဲ့တဲ့ ဒီနေ့နေ့လယ်ပိုင်းအထိ အခြေအနေတွေကို မဝေမာထွန်း တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့