အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း ရှင်းလင်းချက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က တိုင်းရင်းသားမျိုးနွယ်တွေရဲ့ ဘဝလုံခြုံရေးအတွက် ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို မေးခွန်းအဖြစ်ပြောင်းမေးဖို့ အမျိုးသားလွှတ်တော် ဥက္ကဌက ပြောခဲ့တယ်ဆိုပြီး အဆိုရှင် လွှတ်တော်ကိုယ်စားလှယ်က မီဒီယာတွေကို ဖြေကြားထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ဒီဇင်ဘာလ (၈) ရက်နေ့ ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရှင်းလင်းခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က ဆက်ပြီး တင်ပြမှာပါ။