ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းဒေသက အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကျေးရွာ တချို့ကို အစိုးရအစီအစဉ်နဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့တွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က သွားရောက် သတင်းယူခဲ့ကြပါတယ်။ ဒီခရီးစဉ်မှာ မြင်တွေ့ရတဲ့ အခြေအနေတွေအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။