ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက် မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်က စုံစမ်းရေးကော်မတီဖွဲ့ပြီး အောက်တိုဘာလ ၂၅ ရက်နေ့က စပြီး ကွင်းဆင်းလေ့လာခဲ့ပါတယ်။ စုံစမ်းရေးကော်မတီ အဖွဲ့ခေါင်းဆောင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က တွေ့ဆုံမေးမြန်းထားပါတယ်။