လွှတ်တော်က ရွေးကောက်ပွဲစနစ် ဝိဝါဒများ

2014-07-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

PR (ခေါ်) အချိုးကျကိုယ်စားပြုစနစ်ကို လာမယ့်ရွေးကောက်ပွဲတွေမှာ ကျင့်သုံးဖို့အဆိုကို ပြည်သူ့ လွှတ်တော်မှာ သုံးရက်ကြာ ဆွေးနွေးခဲ့ကြပြီးနောက်၊ မြန်မာနိုင်ငံအတွက် ဘယ်လိုရွေးကောက်ပွဲစနစ်က သင့်တော်သလဲ ဆိုတဲ့အပေါ် ဆွေးနွေးအကြံပြုရမယ့် ကော်မတီတခု ဖွဲ့စည်းဖို့ လွှတ်တော်က ဆုံးဖြတ်လိုက် ပါတယ်။ ဒါဟာ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးအဆိုကို အတည်ပြုလိုက်တာလား၊ မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲစနစ်ကို အကောင်အထည်ဖော်ဖို့ ကော်မတီဖွဲ့ရေးကိုပဲ အတည်ပြုလိုက်တာလား ဆိုတဲ့အပေါ် ဝိဝါဒ ကွဲပြားနေကြပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့