ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း ဒုက္ခရောက်နေတဲ့ အရပ်သားတွေကို ကယ်ဆယ်ကူညီ နေကြတဲ့ လူမှုကူညီရေးအဖွဲ့တွေဟာ အသက်အန္တရာယ်ကြားကနေ စွန့်စားပြီး ကူညီနေကြရပါတယ်။
ပစ်ခတ်ခံရလို့ သေဆုံးဒဏ်ရာရတဲ့ ကယ်ဆယ်ရေးသမားတွေလည်း ရှိနေပါတယ်။ ဒီလို ထိခိုက်နစ်နာမှုတွေ အတွက် ဘယ်သူကမှ တာဝန်ယူဖြေရှင်းပေးတာ မရှိတဲ့အကြောင်း RFA သတင်းထောက် ကိုကံသာက ဆက်ပြီး တင်ပြပါလိမ့်မယ်။