ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းက ပဒေါင်တိုင်းရင်းသားတွေ နေထိုင်တဲ့နေရာတွေမှာ သီးနှံတွေစိုက်ပျိုးနိုင်ပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဈေးကွက်မရှိတဲ့အတွက် သီးနှံအစား ဘိန်းစိုက်ပျိုးနေတာ နှစ်အတော်ကြာနေပြီဖြစ်ပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။