ကိုယ်နဲ့ကိုယ့်မိသားစု ပတ်ဝန်းကျင်လေးကို ကွက်ပြီး မကြည့်ပါနဲ့။ တိုင်းပြည်လုံး အတိုင်းအတာ မကဘူး။ အခုခေတ် အခုအခါမှာ ဆိုရင် တကမ္ဘာလုံး အတိုင်းအတာနဲ့ပါ ကြည့်ဖို့ လိုပါတယ်။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် ကြည့်နိုင်မှသာလျှင် ကျမတို့အနေနဲ့ ဒီနိုင်ငံကို တိုးတက်အောင် လုပ်နိုင်မယ်။ ပရဟိတ စိတ်ဓါတ်ကို ပျိုးထောင်ကြပါ။