ဘိလပ်မြေစက်ရုံ ကန့်ကွက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုးတန်းကျောင်းသား

ခေမဏီဝင်း
2020.08.07

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကြောင့် ပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေ ထိခိုက်မှာ စိုးရိမ်တဲ့အတွက် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြကြရာက အာဏာပိုင်တွေရဲ့ ဖမ်းဆီးအရေးယူခံရသူတွေထဲ ကျောင်းသားလူငယ်တွေပါ ပါဝင်လာပါတယ်။

အခုဆိုရင် ကိုးတန်းကျောင်းသားတစ်ဦးဟာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး တချို့ကျောင်းသားတွေဟာဆိုရင်လည်း မိသားစုဝင်တွေ ဖမ်းဆီးအရေးယူခံရလို့ ပညာရေးအတွက် အခက်ကြုံနေကြရတာပါ။ ဒီအခြေအနေတွေကိုတော့ RFA သတင်းထောက် မခေမဏီဝင်းက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။