မန္တလေးခရိုင် အတွင်းမှာရှိတဲ့ မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင်-၁ ရပ်ကွက်က မဲရုံအမှတ်-၅ မှာ အမှန်တကယ် နေထိုင်ခြင်းမရှိသူ အယောက်တစ်ရာလောက် ဒီကနေ့ မဲလာပေးတာနဲ့ ပတ်သက်ပြီး NLD ပါတီဝင် မဲရုံကိုယ်စားလှယ်တွေက ဖော်ထုတ်လိုက်ရာကနေ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က အဲဒီလူတွေကို မဲပေးခွင့် ပိတ်ပင်လိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။