တပ်မတော်ရဲ့ဖမ်းဆီးစစ်ဆေးမှုတွေအတွင်း အရပ်သားသေဆုံးမှုများ

■ စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်လာနေတဲ့ ရခိုင်ပြည်နယ်မှာ... အစိုးရတပ်မတော်ရဲ့ ဖမ်းဆီး စစ်ဆေးမှုတွေအတွင်း အရပ်သားတွေသေဆုံးမှု များလာနေပါတယ်။

မသင်္ကာတဲ့ အရပ်သားတွေကို တပ်မတော်က အခုလို ဖမ်းဆီးစစ်ဆေးတာတွေဟာ ဥပဒေနဲ့မညီသလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် ဝေဖန်မှုတွေလည်း ရှိနေတာပါ။

အခုလို ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးမှုတွေ အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ မြေဇာပင်ဖြစ်နေရတဲ့ အခြေအနေတွေအကြောင်း RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။