အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စွဲချက်မတင်ဘဲ လွှတ်ပေးဖို့ လျှောက်ထားချက်ကို ဧပြီလ ၁၁ ရက်နေ့မှာ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး သတင်းမီဒီယာသမားတွေနဲ့ မိသားစုဝင်တွေရဲ့ ပြောစကားတွေကို RFA သတင်းထောက် မသီရိမင်းဇင် တင်ပြထားပါတယ်။