ပဲခူးမှာ ဒီနေ့ည နေအိမ်တွေထိ လိုက်ဖမ်းနေ

2021-03-09
Share

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ကြတဲ့ ပဲခူးမြို့က သပိတ်ခေါင်းဆောင်တွေကို မတ်လ ၉ ရက်နေ့ ဒီနေ့ညပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က နေအိမ်တွေအထိ လိုက်လံဖမ်းဆီးနေပါတယ်။ ပဲခူးမြို့ ဇိုင်းကနိုင်းမြောက်ပိုင်းမှာ နေထိုင်တဲ့ သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျမားကို စစ်တပ်အင်အား အလုံးအရင်းနဲ့ ဒီကနေ့ ည ၆ နာရီခွဲလောက်မှာ ဖမ်းဆီးသွားတဲ့ ဗီဒီယိုကို RFA က ရရှိပါတယ်။

ဒီကနေ့ည ပဲခူးမှာ နေအိမ်တွေထိ လိုက်လံဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် ပုန်းရှောင်နေရတယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

Anonymous says:
2021-03-09 18:39

အင်း၊ လက်နက်မရှိ - အိပ်ယာကထလာတဲ့ လူကို ဖမ်းတာကလည်း တတိုင်းပြည်ကို ခြိမ်းခြောက်တဲ့ အသွင်ဆောင်သည်။ တခါက တာဝန်ထမ်းဆောင်ဘူးလို့လား၊ မူစလင်ဖြစ်လို့ တမင်လုပ်ပြနေတာလား။ နောက်နေ့ အလောင်းလာယူဖို့ ခေါ်လိမ့်မည်။ ဂျမားအိမ်ပါ မီးမရှို့သွားတာ ကံကောင်းလို့ပေါ့။ ဗီဒီယိုရိုက်တဲ့ ဘေးအိမ်တော့ မီးလာရှို့တော့မည်။ ဂျမားပိုင်တဲ့ဆိုသည်ကားက သူ့အိမ်ထက်တောင် စျေးကြီးပုံရ၏။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့