ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ဖိနပ်နဲ့ တက်နင်းထားတဲ့ပုံကို အင်တာနက် Facebook မှာ မျှဝေခဲ့တယ်ဆိုပြီး တရားစွဲခံထားရတဲ့ ကချင်တိုင်းရင်းသား ပက်ထရစ် ခွန်ဂျာလီကို လှိုင်မြို့နယ်တရားရုံးက ဖန်နဝါရီလ ၂၂ ရက်နေ့မှာ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုထက်အာကာက တင်ပြထားပါတယ်။