တပ်မတော်ကနေ အရပ်ဖက် အစိုးရဝန်ကြီးဌာနတွေကို ပြောင်းရွှေ့ခန့်ထားတဲ့ အငြိမ်းစား တပ်မတော်သားတွေ အနေနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှာ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်နေတဲ့အပေါ် ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။
ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မျက်ရတနာနဲ့ သစ်ထုတ်လုပ်ရေးကအစ၊ ဘဏ်လုပ်ငန်းနဲ့ ဘီယာစက်ရုံပါမကျန် လုပ်ကိုင်နေတဲ့ စစ်တပ်ပိုင် ဦးပိုင်လီမိတက်မှာ အစိုးရ တာဝန်ရှိသူတွေ ပါဝင်နေတာဟာ အကျိုးစီးပွား ပဋိပက္ခ ဖြစ်နေပါသလား။ RFA သတင်းထောက် ကိုအောင်သိင်္ခက စုစည်းတင်ပြထားပါတယ်။