စစ်တပ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူတဲ့အပေါ် ပြောကြားချက်
2019.07.23
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော် ခေါင်းဆောင်လေးဦးနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အမေရိကန်အစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာဟာ နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို အနိုင်ကျင့် စွက်ဖက်တာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောကြားလိုက်ပါတယ်။
RFA သတင်းထောက် ကိုဝင်းကိုကိုလတ်နဲ့ ကိုသီဟထွန်းတို့ ပေးပို့ထားတာကို ကိုဝင်းကိုကိုလတ် က တင်ပြထားပါတယ်။