နေပြည်တော်ကောင်စီနယ်မြေ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၁ဝ ဦးဟာ ပုဗ္ဗသီရိမြို့နယ်က တပေါင်းကွင်း မှာ အောက်တိုဘာလ ၃၁ ရက်နေ့က မဲဆွယ်ဟောပြောခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးပွဲ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားပါတယ်။