ရာသီဥတုပြောင်းလဲမှုကြောင့် နောင်အနှစ် ၃ဝ ကျော်လောက်မှာ ပင်လယ်ရေမျက်နှာပြင်ဟာ တစ်ပေခွဲလောက်အထိ မြင့်တက်လာနိုင်တဲ့အတွက် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့၊ ဧရာဝတီတိုင်း စတဲ့ဒေသတွေမှာ ရေဘေးဒဏ်ခံရနိုင်ပြီး၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာလည်း ရေရှားပါးလာနိုင်တယ်လို့ စိမ်းလန်းအမိမြေအသင်းက ပြောလိုက်ပါတယ်။ စိမ်းလန်းအမိမြေအသင်းက ပြုလုပ်တဲ့ မြန်မာအမျိုးသားအဆင့် မြေယာဘဏ်ထားရှိရေးဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ၂ဝ၁၈ ဇွန်လ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။
စိမ်းလန်းအမိမြေအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူကို RFA သတင်းထောက် မဇာဏီထွဏ်းက တွေ့ဆုံမေးမြန်းထားပါတယ်။
