ရန်ကုန်မြို့လည် ၆ မြို့နယ်က လူနေတိုက်ခန်းတွေရဲ့ နောက်ဖေးလမ်းကြားတွေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေနဲ့၊ နောက်ဖေးလမ်းကြားတွေမှာ တည်ဆောက်ထားတဲ့ ရေစင်၊ ဆိုင်ခန်းနဲ့ အမှိုက်တွေကို စည်ပင်သာယာရေးကော်မတီက သြဂုတ်လ (၁၅) ရက် ဒီကနေ့ လိုက်လံရှင်းလင်းခဲ့ပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။
