ဖားကန့်မြေပြို ၁၃ ဦးသေဆုံး


2016.05.06
yaymasay-dead-620.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဘဇံချောက်မှော်ရွာမှာ မေလ ၅ ရက်နေ့ညက ကျောက်ကြောကမ်းပါးပြိုကျတာကြောင့် မြေပိ ပြီး သေဆုံးခဲ့တဲ့ ရေမဆေးကျောက်ရှာဖွေသူရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာစဉ်
Photo: Zaw Moe Htet/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဘဇံချောက်  မှော်ရွာမှာ မေလ ၅ ရက် မနေ့ညက ကျောက် တူးရာကနေ ကျောက်ကြောကမ်းပါးပြိုကျလို့  ရေမဆေးကျောက်ရှာဖွေသူ ၁၃ ဦး မြေပိပြီး သေဆုံးခဲ့ပါတယ်။

ကျောက်စိမ်းကုမ္ပဏီတွေ မတူးတော့တဲ့ ကျောက်ကြောကမ်းပါးနေရာတွေမှာ တူးကြရင်း ပြိုကျပြီး သေဆုံးခဲ့တာလို့ ဆိမ်မူးကျေးရွာအခြေစိုက် သင်္ခါ လူမှုကူညီရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင် က ပြောပါတယ်။

"အလောင်း ၁၃ လောင်းရတယ်၊ ကမ်းပါးပြိုတယ်ဆိုတာက ကျောက်ကြောပြတ်ကျတာ ကုမ္ပဏီတွေ မတူးတဲ့ ပစ်ထားတဲ့နေရာမှာ ဝင်တူးတာ၊ အန္တရာယ်ရှိတဲ့နေရာမှာ လူတွေအများကြီးသွားမတူးတာ အကောင်းဆုံးပဲ"

ကျောက်ကမ်းပါးပြိုကျတဲ့နေရာဟာ တစ်သုံးလုံးနဲ့ စိမ်းရွှင်ရတနာကျောက်မျက်တူးဖော်ရေးကုမ္ပဏီ နှစ်ခုကြားမှာ ရှိတဲ့ ပေလေးရာလောက်အနက်ရှိတဲ့ ကျောက်ကြောကမ်းပါးမှာဖြစ်ပြီး ကျောက်တူးနေချိန်မှာ မိုးရွာနေတယ် လို့လည်း ပြောပါတယ်။

သေဆုံးသူ ၁၃ ယောက်ဟာ အသက် ၂၀ ကျော်အရွယ် လူငယ်တွေဖြစ်ကြပြီး မြစ်ကြီးနား၊ မိုးညှင်း၊ ပူတာအို စတဲ့ဒေသတွေကနေ လာရောက်စီးပွားရှာသူတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က အဲ့ဒီဆိပ်မူကျေးရွာအုပ်စုထဲမှာပဲ စုပေါင်းစွန့်ပစ်မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။