ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ကော့မှူးခရီးစဉ်
2012.02.11
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့မှူးမြို့နယ် ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ကြိုဆိုနှုတ်ဆက်စဉ်။
AFP
ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးဒေသခံ ကရင်တိုင်းရင်းသားတွေ ဝတ်ဆင်တဲ့ ကရင်သင်တိုင်း အဖြူ ဝတ်ထားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါသင်္ခရွာက တဆင့် ညနေ ၅ နာရီခွဲမှာ ငှက်အော်စမ်းရွာကို ရောက်ရှိလာပြီး မိန့်ခွန်းပြောပါတယ်။ ကော့မှူးနဲ့ ဝါသိင်္ခကျေးရွာက လိုက်ပါလာတဲ့ ဒေသခံတွေနဲ့ ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းက လူငယ်တွေ အပါအဝင် လူတထောင်လောက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို နားထောင်ကြပါတယ်။ ငှက်အော်စမ်းမှာ အဲဒီလို မိန့်ခွန်းပြောကြားနေစဉ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်နဲ့ RFA ဆက်သွယ် ပြောဆိုခဲ့တာကိုနားဆင်နိုင်ပါတယ်။
| ဆက်သွယ်တင်ပြချက်။ |
|
| အသံဖိုင်ယူရန်။ |









