တွံတေးက စစ်တပ်ဂိတ် ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ တွံတွေးမြို့နယ် ဂျောင်၀ိုင်းလေးရပ်ကွက်မှာရှိတဲ့ စစ်တပ်ဂိတ်ကို ဧပြီလ ၄ ရက်နေ့ ညနေပိုင်းမှာ အဝေးထိန်းစနစ်နဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow အဖွဲ့က ပြောပါတယ်။

တွံတေးမြို့နယ်ထဲမှာ ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီးသင်တန်းပေးမှုတွေရှိတာကြောင့် ဗုံးခွဲတိုက်ခိုက်တာလို့ Dark shadow အဖွဲ့ တာဝန်ခံ ရဲဘော်ပန်ဒါက ပြောပါတယ်။

“ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်တာ၊ တစ်လုံးကွဲတယ်၊ တစ်လုံး မအောင်မြင်ဘူး၊ ပျူစောထီး သင်တန်းတွေပေးနေလို့ တိုက်ခိုက်တာပါ၊ သူတို့ အထိခိုက်ရှိနိုင်တယ်။ အတိအကျတော့ မသိရသေးဘူး။ ရဲဘော်တွေကတော့ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့ပါတယ်”

ဒီကီစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့မယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မတ်လ ၂၉ ရက်နေ့ကတော့ မင်္ဂလာဒုံနဲ့ အင်းစိန်မြို့နယ်က စစ်ရေးပစ်မှတ်တွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တာရှိပြီး ပြည်သူစစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပေးနေသူတွေကို ဆန့်ကျင်တိုက်ခိုက်မယ်လို့ Dark Shadow အဖွဲ့က ပြောပါတယ်။

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ အခုရက်ပိုင်း ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီတပ်ကလည်း လုံခြုံရေး ပိုမိုတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။