လူကုန်ကူးခံရမှုနဲ့ ပတ်သက်ပြီး HRW အဖွဲ့ အစီရင်ခံစာထုတ်ပြန်

2019-03-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လူကုန်ကူးခံရမှုနဲ့ ပတ်သက်ပြီး HRW အဖွဲ့က ၂၀၁၉ မတ် ၂၁ ရက်နေ့က အစီရင်ခံစာထုတ်ပြန်စဉ်
လူကုန်ကူးခံရမှုနဲ့ ပတ်သက်ပြီး HRW အဖွဲ့က ၂၀၁၉ မတ် ၂၁ ရက်နေ့က အစီရင်ခံစာထုတ်ပြန်စဉ်
Photo: Htek Arkar/RFA

မြန်မာအမျိုးသမီးတွေ တရုတ်နိုင်ငံကို ဇနီးမယား၊ လိင်ပိုင်းဆိုင်ရာကျွန်များအဖြစ် လူကုန်ကူးအရောင်းစား ခံရတာတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က အစီရင်ခံစာတစ်စောင်ကို ဒီကနေ့ထုတ်ပြန်ခဲ့ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းက အမျိုးသမီးတွေ တရုတ်နိုင်ငံကို လိင်ပိုင်းဆိုင်ရာကျွန်များအဖြစ် လူကုန်ကူးသူများက ရောင်းစားနေတာကို မြန်မာအစိုးရနဲ့ တရုတ်အစိုးရက ရပ်တန့်ရန် ပျက်ကွက်ခဲ့တယ်လို့ HRW က ပြောပါတယ်။

ဒါ့အပြင် မြန်မာအမျိုးသမီးတွေဟာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ အခြေခံအခွင့်အရေးနည်းပါးမှုနဲ့ လူကုန်ကူး သူတို့က တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရတဲ့ ရဲ၊ လ၀က စတဲ့တာဝန်ရှိသူတွေကို ကြောက်ရွံ့တာနည်းပါးမှု တို့ကြောင့် တရုတ်နိုင်ငံကို ဇနီးမယားအဖြစ်၊ လိင်ပိုင်းဆိုင်ရာကျွန်များအဖြစ် ရောင်းစားခံရတာဖြစ်ကြောင်း အစီရင်ခံစာမှာပါရှိပါတယ်။

အဲဒီလိုလူကုန်ကူးရာမှာ ဆွေမျိုးနီးစပ်သူချင်း လူကုန်ကူးတာတွေနဲ့ တရုတ်နိုင်ငံက မိသားစုတွေထံကို အမေရိကန်ဒေါ်လာ ၃၀၀၀ ကနေ ၁၃၀၀၀ နဲ့ ညီမျှတဲ့ငွေနဲ့ လူကုန်ကူးတဲ့ပွဲစားတွေက ရောင်းစားကြကြောင်း အစီရင်ခံစာထဲမှာပါရှိပါတယ်။

အဲဒီလိုလူကုန်ကုန်ကူး အရောင်စားခံရသူအများစုဟာ တရုတ်နိုင်ငံမှာ ၀ယ်ယူတွေက သူတို့နဲ့ကိုယ်ဝန်ရရှိစေဖို့ အခန်းတွင်းသော့ခတ်ပြီး အဓမ္မပြုကျင့်တာတွေပြုလုပ်ခံရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့