ကချင်ပြည်နယ်ဝန်ကြီးနှစ်ဦး ပြန်လည်လွတ်မြောက်လာ

RFA Burmese
2024.04.17
ကချင်ပြည်နယ်ဝန်ကြီးနှစ်ဦး ပြန်လည်လွတ်မြောက်လာ မြစ်ကြီးနား အကျဉ်းထောင်မှ ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြသည့် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်း (ဝဲ) နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်း (ယာ)။
NLD - Kachin State

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ ကချင်ပြည်နယ်ဝန်ကြီးနှစ်ဦး မြစ်ကြီးနား အကျဉ်းထောင်ကနေ ဧပြီ ၁၇ ရက် ဒီနေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ NLD ပါတီဝင်တွေက ပြောပါတယ်။

ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းတို့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး လွတ်ရက်စေ့ကာနီးမှာပဲ ပြန်လည်လွတ်မြောက်လာတာလို့ ကချင်ပြည်နယ်က NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။

“လွတ်ရက်စေ့ကာနီးမှာ လွတ်ငြိမ်းနဲ့ လွတ်လာတာ။ ဒီနေ့က NLD ဝန်ကြီးဟောင်းထဲကတော့ နှစ်ဦးပဲ လွတ်တယ်။ ပြီးတော့ ဒေါက်တာ ခလမ်ဆမ်ဆွန်လည်း လွတ်တယ်”

သူတို့နှစ်ဦးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းတဲ့နေ့မှာပဲ ဖမ်းဆီးခံခဲ့ရပြီး နှစ်ဦးလုံးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ထားတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကတော့ NLD အစိုးရလက်ထက် ကချင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးနော်လီနဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်တို့ လွတ်ရက်စေ့ပြီး လွတ်မြောက်ခဲ့ပါတယ်။

ဒီနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်မှာ မြစ်ကြီးနား အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားအနေနဲ့ NLD ဝန်ကြီးနှစ်ဦးနဲ့ KBC အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွန်တို့ သုံးဦးသာ လွတ်မြောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။