ထောင်ကျခံမယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပြော

ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်၊ အင်းစိန်ထောင်ထဲကို တရားမဝင် သွင်းဖို့ ကြိုးစားတယ် ဆိုပြီး စွဲချက်တင်ထားတဲ့ အမှု အတွက် ငွေဒဏ် ချမှတ်မယ် ဆိုရင်တောင် မိမိအနေနဲ့ ထောင်ဒဏ်ကျခံဖို့ ဆုံးဖြတ်တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က အာအက်ဖ်အေကို ပြောပါတယ်။

2012-01-23
Share
nay-myo-zin ဖမ်းဆီးခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်။
Photo: pwvb.blogspot.com

ပြီးခဲ့တဲ့ ၂၀၁၁ ခု အတွင်း အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ဒဏ် ၁၀ နှစ် အချခံရပြီး ဇန်နဝါရီလ ၁၃ ရက်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို နောက်ထပ် စွဲချက်တင်ထားတဲ့ တရားမဝင် ပစ္စည်းများ ထောင်ထဲကို သွင်းဖို့ ကြိုးပမ်းမှုနဲ့ အင်းစိန် မြို့နယ် စုပေါင်း တရားရုံးက စီရင်ချက်ချဖို့ မနက်ဖြန် ရက်ချိန်းပေးထား ပါတယ်။

တကယ်တော့ ဒီအမှုဟာ အချိန်အခါ အရ ဘယ်လိုမှ မဖြစ်သင့် မဖြစ်ထိုက်တဲ့ အကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင် ကပြောပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့ တီရှပ်ဟာ တရားမဝင်ပစ္စည်း မဟုတ်တဲ့ အကြောင်း ပြန်လည် ထုချေထားပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပြီး ကတည်းက တရားရုံးချိန်း ၂ ကြိမ် တက်ခဲ့ရပြီးပါပြီ။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ကိုဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Anonymous says:
2012-01-23 14:14

ဘာ ဒီမိုကေရစီလဲကြာ လြန္တာေပါ့

Anonymous says:
2013-05-02 11:43

ကိုနေမျိးဇင်ကိုအားပေးပါတယ် ဆက်လုပ်ပါ ဒီကောင်တွေက ကလိမ်ကကျစ်လုပ်နေအုံးမှာပဲ လပ်စားတယ်ဆိုတာအမှန်ပဲ

Anonymous says:
2012-01-23 19:08

ဒီလို တပ်မတော်သား အကြောင်းတွေကို သတင်းတွေက ဘာလို့အရေးတယူဖော်ပြ နေရတယ်ဆိုတာ နားမလည်ဘူး.. ဘယ်လိုပြောပြော သူသာဗိုလ်မပြုတ်ခဲ့ရင်.. သူ့အပိုင်းက နားလည်မှုတစ်ခုနဲ့ အမှုဆိုတာရင်မဆိုင်ခဲ့ရရင် ခုချိန်ထိ သူက ဗိုလ်တစ်ယောက်ဆက်ဖြစ်နေပြီး တိုင်းသူပြည်သား... တိုင်းရင်းသားတွေကို တစ်နည်းတစ်ဖုံ အနှောက်အယှက်ပေးနေတဲ့ တပ်မတော်သားတစ်ယောက်ပဲ မဟုတ်ဘူးလား.. သူ့သတင်းတွေ တင်နေကြတာကို ရပ်သင့်တယ်...

Anonymous says:
2012-01-23 17:44

ခိုင်မာတဲ့ စိတ်ထားကို လေးစားပါတယ် ..

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။