စောချစ်သူ အပါအဝင် သုံးဦးကို ဗြိတိန်နဲ့ မိတ်ဖက်နိုင်ငံတွေ ဒဏ်ခတ်ပိတ်ဆို့အရေးယူ

RFA Burmese
2023.12.08
စောချစ်သူ အပါအဝင် သုံးဦးကို ဗြိတိန်နဲ့ မိတ်ဖက်နိုင်ငံတွေ ဒဏ်ခတ်ပိတ်ဆို့အရေးယူ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးကြီး စောချစ်သူအား တွေ့ရစဉ်။
Myanmar Peace Monitor

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေအတွင်း လူကုန်ကူးမှုတွေ ကျူးလွန်ရာမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ် ကိုးဦးနဲ့ အဖွဲ့အစည်း ငါးခုကို ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက ဒီနေ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို စတင်အတည်ပြုတဲ့ ၇၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အခုလို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တာဖြစ်ပါတယ်။

ပိတ်ဆို့အရေးယူခံရသူတွေထဲမှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က ဗိုလ်မှူးကြီး စောချစ်သူနဲ့ သူဦးဆောင်တဲ့ ချစ်လင်းမြိုင်ကုမ္ပဏီက ဒါရိုက်တာတစ်ဦးဖြစ်တဲ့ စောမင်းမင်းဦးအပြင် တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင် ရှီဇီကျန်းလည်း ပါဝင်ပါတယ်။ သူတို့ဟာ ကာစီနိုလုပ်ငန်းတွေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ အများစုရှိနေတဲ့ မြဝတီမြို့အနီးမှာ ရွှေကုက္ကိုအထူးစီးပွားရေးဇုန် ဖော်ဆောင်နေသူတွေ ဖြစ်ပါတယ်။

ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာ အီရန်၊ ဆီးရီးယားနဲ့ ဘီလာရုဇ်နိုင်ငံတွေက လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။

ဒီလိုအရေးယူလိုက်တာနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်က ရာဇဝတ်ကောင်တွေနဲ့ အာဏာရှင်အစိုးရတွေက သာမန်ပြည်သူတွေရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေကို ချိုးဖောက်နေတာကို သည်းခံမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။