သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-31
မြန်မာနိုင်ငံမှာ ကိုဗစ် ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်ပြီလို့ အစိုးရ ကျန်းမာရေး အရာရှိတစ်ဦးက ပြောပါတယ်။ တပြိုင်တည်းမှာလည်း လူထုပေါ့ဆရင် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်မားလာနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးပါတယ်။
2020-12-31
အစိုးရရဲ့ ကိုဗစ်-၁၉ ကာကွယ် ၊ထိန်းချုပ်ရေး ဗဟိုကော်မတီက ပြည်သူတွေ နေအိမ်မှာပဲနေထိုင်ရေး အချက်တွေပါဝင်တဲ့ အမိန့်ညွန်ကြားချက်တွေကို ၂၀၂၁ ဇန်နဝါရီလကုန်အထိ သက်တမ်းထပ်တိုးလိုက်ပါတယ်။
2020-12-29
မန္တလေးတိုင်းထဲက ပြင်ဦးလွင်မြို့ဟာ အေးချမ်းတဲ့တောင်ပေါ်မြို့တစ်မြို့ဖြစ်ပြီး ရှေးဟောင်းအဆောင်အအုံတွေ၊ ပန်းမျိုးစုံစိုက်ပျိုးထားတဲ့ ကန်တော်ကြီးဥယျာဉ်နဲ့ လည်ပတ်စရာနေရာ တွေများတာကြောင့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေ အချိန်ပေးပြီး လာရောက်အနားယူလေ့ရှိကြတဲ့ မြို့တစ်မြို့ပါ။
2020-12-28
ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ တပ်မတော်ကိုထောက်ခံပြီး ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတခု မနေ့က ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီက ဒေါ်မိုးမိုးခိုင်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်ကို အစိုးရက အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။
2020-12-27
ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလလယ်ကစလို့ ကိုဗစ်-19 ကပ်ရောဂါ ရောဂါပိုးစတွေ့တဲ့ ထိုင်းနိုင်ငံ မဟာချိုင်မှာ ရောဂါပိုး ကူးစက်ခံရပေမယ့် လက္ခဏာမပြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပိုးမရှိသူတွေကို သီးသန့် ခွဲမထားတဲ့အတွက် ကူးစက်သူဦးရေ တိုးလာမှာကို စိုးရိမ်နေရပါတယ်။
2020-12-23
ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ မြန်မာနိုင်ငံသား အယောက် တစ်ထောင်နီးပါးရှိနေပါပြီ။ ကပ်ရောဂါပိုးကူးစက်မှုတွေ မြင့်တက်လာခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအချို့ ခွဲခြားဆက်ဆံ ခံရတာတွေရှိလာနေပါတယ်။
2020-12-22
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား နယ်စပ်နေရာတချို့မှာ နှစ်နိုင်ငံအစိုးရ သဘောတူညီမှု မရယူဘဲ တရုတ်ဘက်က ခြံစည်းရိုး ခတ်နေပါတယ်။ တချို့နေရာတွေမှာ သတ်မှတ်ထားတဲ့ နယ်ခြားမျဉ်းကိုကျော်ပြီး ခြံစည်းရိုးခတ်နေတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုးကန့်ဒေသအာဏာပိုင်တွေက တရုတ်အာဏာပိုင်တွေကို ကန့်ကွက်တာ၊ ညှိနှိုင်းတာတွေလုပ်နေပါတယ်။
2020-12-22
မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်မှု အညွန်းကိန်းဟာ အခုနှစ်မှာ ငါးဆင့်ထိကျသွားပြီး ကမ္ဘာ့အင်တာနက် လွတ်လပ်မှုမရှိဆုံး နိုင်ငံများစာရင်းထဲမှာပဲ ရှိနေသေးတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2020-12-21
ကမ္ဘာအနှံ့ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဗီဇပြောင်းလဲမှုဖြစ်ပွားပြီး ပိုမိုလျှင်မြန်စွာ ကူးစက်နိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ကာကွယ်ရေး စည်းကမ်းတွေကို ပိုမိုလိုက်နာကြဖို့ မြန်မာအစိုးရ ကျန်းမာရေးဌာနက ဒီဇင်ဘာ ၂၁ ရက် မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။
2020-12-21
ကရင်ပြည်နယ် ဖာပွန်မြို့နယ်က KNU တပ်မဟာ (၅) နယ်မြေမှာ တပ်မတော်နဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ သယံဇာတ အကျိုးစီးပွားကြောင့်လို့ တပ်မတော်ဘက်က ပြောပါတယ်။ KNU ဘက်ကတော့ သယံဇာတကြောင့် မဟုတ်ဘဲ တပ်မတော်ဘက်က နယ်မြေကျော်လွန် လှုပ်ရှားတာကြောင့်လို့ တုံ့ပြန်ပြောဆိုပါတယ်။
2020-12-18
နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ ရွေးကောက်ပွဲ အမြန်ပြုလုပ်ပေးရေး အကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ တိုက်ပွဲရပ်တန့်တာ၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတာတွေဟာ ရွေးကောက်ပွဲသာ မကျင်းပဖြစ်ရင် ရှေ့ဆက်အဆင်ပြေပါ့မလားဆိုတာ စိုးရိမ်နေကြပါတယ်။
2020-12-17
၂ နှစ်ကြာ တိုက်ပွဲတွေနဲ့ ပြည့်နေခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အခုဆိုရင် တိုက်ပွဲတွေ ရပ်တန့်နေတာ တစ်လကျော်ရှိလာပါပြီ။ မြန်မာငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတဲ့ အခြေအနေရှိနေတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာ ဒီရက်ပိုင်းတိုက်ပွဲအချို့ဖြစ်ပါတယ်။
2020-12-17
ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေ ပိတ်ထားရပေမယ့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေ အပါအဝင် တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ချို့တွေရဲ့ ထိန်းချုပ်ရာနယ်မြေတွေထဲက စာသင်ကျောင်းကတော့ ဖွင့်ထားပါတယ်။
2020-12-16
ရန်ကုန်တိုင်းက အစိုးရဆေးရုံတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် လာရောက်ကူညီကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ကျန်းမာရေးသုံးဝတ်စုံ PPE မလုံလောက်တဲ့ အခက်အခဲတွေ၊ စားသောက်နေထိုင်ရေးအခက်အခဲ ကြုံတွေ့နေပါတယ်။
2020-12-15
ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား နှစ်နှစ်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရာကနေ၊ ပြီးခဲ့တဲ့ရက်ပိုင်းက ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးခဲ့တာဟာ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် လမ်းစဖြစ်စေဖို့ ရည်ရွယ်တာလို့ တပ်မတော်ဘက်က ပြောလိုက်ပါတယ်။