စစ်ပြေးဒုက္ခသည်တွေကို ဘယ်လိုကူညီကြမလဲ

2021.06.11

ဒီတပတ်အစီအစဉ်မှာတော့ “စစ်ပြေးဒုက္ခသည်တွေကို ဘယ်လိုကူညီကြမလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်လို့ စစ်တပ်က လေကြောင်းရော၊ လက်နက်ကြီးတွေပါသုံးပြီး အင်အားအလုံးအရင်း ပြန်တိုက်တဲ့အတွက် ထွက်ပြေးရတဲ့သူ နှစ်သိန်းကျော်သွားပါပြီ။ အဲဒီပြည်သူတွေဟာ တောတောင်တွေထဲမှာ မိုးဦးရာသီအောက် အမိုးအကာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေပါတယ်။ ဒါကြောင့် စစ်ပြေးဒုက္ခသည်တွေကို ထိရောက်အောင် ဘယ်လိုကူညီမလဲဆိုတာ ဒီတစ်ပတ်အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

အဓိကပါဝင်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေကတော့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က မခွန်ဂျာနဲ့၊ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်အဖွဲ့က စောအဲလက်စ်တို့ ဖြစ်ပါတယ်။


RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်ထုတ်လုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။