“ငြိမ်းချမ်းရေးအကြောင်းပြပြီး နိုင်ငံရေးကစားခြင်း”
စစ်ကောင်စီခေါင်းဆောင်ဟာ ငြိမ်းချမ်းရေးအတွက် အပစ်ရပ်တိုင်းရင်းသားအဖွဲ့ တချို့နဲ့ ကိုယ်တိုင်တွေ့ဆုံနေရာမှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၆ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့နဲ့ တွေဆုံခဲ့ပါတယ်။ UWSA ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့၊ NDAA မိုင်းလားနဲ့ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီတွေ တွေ့ခဲ့တာပါ။ ဒီအဖွဲ့တွေနဲ့ဒုတိယအကြိမ်တွေ့ဆုံပွဲမှာ တိုင်းရင်းသား အဖွဲ့တွေဘက်က စိတ်၀င်စားစရာ တောင်းဆိုတာတွေလည်း ပါရှိခဲ့သလို စစ်ကောင်စီဘက်က တုန့်ပြန်ပြောဆိုတာတွေလည်း ရှိပါတယ်။ သုံးသပ်သူတွေကတော့ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး နိုင်ငံရေးကစားနေကြတာလို့ဆိုပါတယ်။
ပါဝင်ဆွေးနွေးကြတဲ့ပုဂ္ဂိုလ်တွေကတော့ NCUBပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ သဘာပတိအဖွဲ့၀င်ဟောင်း ဦးအောင်စောဦး၊ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်းနဲ့ တိုင်းရင်းသားပဋိပက္ခအရေးလေ့လာသူ စိုင်းထွန်းအောင်လွင်တို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စီစဥ်တင်ဆက်တာဖြစ်ပါတယ်။