အာစီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ မြန်မာစစ်အစိုးရ
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်တဲ့ အာစီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ထိပ်သီးညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရအပေါ် ဝေဖန် ဖိအားပေးကြတဲ့ သတင်းတွေကို အခြေခံပြီး ဆွေးနွေးထားကြပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားကြသူတွေကတော့ တောင်အာဖရိကနိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဝင်း၊ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ အဖွဲ့ဝင် ဦးဗိုလှတင့်နဲ့ မြန်မာ့အရေးလေ့လာသူ ဦးမင်းဇင်တို့ ဖြစ်ပါတယ်။