မြန်မာ့အရေးနဲ့ ဝီကီလိခ်စ်သတင်းများ
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ သံတမန်တွေ၊ နိုင်ငံခြား သတင်း ထောက်တွေ အနှောက်အယှက်မရှိ ဆက်သွယ်တွေ့ဆုံနေတဲ့ ကိစ္စ၊ မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် ပြည်ပခေါင်းဆောင်တွေ သံတမန်တွေရဲ့ သဘောထားပေးစာတွေကို ဝီကီလိခ် အင်တာနက်စာမျက်နှာက ဖွင့်ချလိုက်တဲ့ကိစ္စတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီး ဦးဗိုလှတင့်၊ ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်နဲ့ ဘာကလေ တက္ကသိုလ်က မြန်မာ့အရေး လေ့လာသူ ကိုမင်းဇင်တို့ ဖြစ်ပါတယ်။