ပျိုးခင်းဘေးက တေးသံ

2016-08-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
.
.
.

အခုတစ်ပတ်မှာတော့ ဆယ်တန်းစာမေးပွဲအောင်တာတစ်ခုတည်းဟာ လူကောင်းဖြစ်သွားတာမဟုတ်သလို အောင်ပွဲအပြီးရတာမဟုတ်ဘူးဆိုတာကို ရုပ်ရှင်နဲ့မီဒီယာတွေမှာ တင်ပြစေချင်တဲ့အကြောင်း၊ ဒါမှလူငယ်တွေအတွက် လမ်းခွဲတွေ၊ လမ်းသွယ်တွေများစွာရှိတယ်၊ ဘဝရဲ့ အောင်မြင်မှုဆိုတာ ပုံသဏ္ဍာန်မျိုးစုံနဲ့ဖြစ်နိုင်တယ်ဆိုတာကို သိစေချင်တဲ့အကြောင်းဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့အစွန်က ကျောက်ဂူထဲမှာပိတ်မိပြီး ပြန်တွေ့ခဲ့တဲ့ ကလေးတွေကို သူတို့အစိုးရက အရေးတယူကယ်တင်ခဲ့တာကို ဥပမာပေးပြီး ကိုယ့်နိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်ကလေးတွေ၊ မီးပွိုင့်မှာပန်းရောင်နေတဲ့ ကလေးတွေ၊ ဘီယာဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးနေရတဲ့ ကလေးတွေ ပညာသင်ကြားနိုင်ရေးကိစ္စနဲ့ အခြားသော ပြဿနာပေါင်းစုံကို စဉ်းစားတဲ့နေရာမှာ လူကြီးတွေအနေနဲ့ သေတ္တာထဲကနေထွက်ပြီး ဝိုင်းပြီးတော့ စဉ်းစားတဲ့နည်းတွေနဲ့ တွေးမြော်ပေးဖို့ ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လောကကြီးမှာကျင့်ဝတ်လည်းမပျက် အောင်ပွဲလည်းရတဲ့ သာဓကတွေရှိတယ်ဆိုတဲ့အကြောင်း လူငယ်တွေကိုဝမ်းသာအားရပြောချင်တယ်ဆိုပြီး ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူငယ်တွေအနေနဲ့ မတရားမှုကိုဆန့်ကျင်တဲ့နေရာမှာ ရဲရဲရင့်ရင့်ရှိဖို့နဲ့ သတ္တိရှိဖို့အပြင် သူတို့ဘဝတစ်ဆစ်ချိုးကိုပြောင်းသွားစေဖို့ သူတို့ဖြတ်သန်းလာခဲ့ရတဲ့ပတ်ဝန်းကျင် သူတို့သင်ခဲ့ရတဲ့ ကကြီး ခခွေး၊ သူတို့မသင်ခဲ့ရတဲ့ တွေးခေါ်မြော်မြင်မှုတွေကပဲ အဓိကကျတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာပြည်ရဲ့ ပညာရေးကနေထွက်လာတဲ့ ရလဒ်တွေဟာ အလုပ်အကိုင်တွေအတွက် အရေးကြီးဆုံးအချက်နှစ်ချက်ဖြစ်တဲ့ ဗဟုသုတနဲ့ ကျွမ်းကျင်မှုကို ကောင်းအောင်ပြည့်ဝအောင် မသင်ပေးနိုင်ခဲ့ဘူးဆိုတာနဲ့ ပညာရေးနဲ့ဆိုင်တဲ့ အုပ်ချုပ်ရေးယန္တရားမှာ ဘယ်လိုလူမျိုးတွေပါနေသလဲဆိုတာ စဉ်းစားစရာအချက်ဖြစ်တယ်ဆိုတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ဆယ်တန်းစာမေးပွဲရလဒ်ဟာ ကလေးတွေအတွက် ဘ၀တစ်ခုမဟုတ်တဲ့အကြောင်း၊ ကမ္ဘာကြီးမှာဘယ်လောက် ကျယ်ပြန့်ပီးတော့ ရွေးစရာတွေဘယ်လောက်များနေကြတယ် အောင်မြင်မှုကို ကိုယ့်အစွမ်းအစနဲ့ကိုယ် ဘယ်လိုရှာကြတယ် ဆိုတာကို ကလေးတွေသိအောင်ပြောကြဖို့ အချိန်တန်တဲ့အကြောင်းနဲ့ စာမေးပွဲတစ်ခုရဲ့ရလဒ် အတွက်နဲ့ အဲ့ဒီ့ကလေးတွေ ဘ၀ပျက်မတက်ခံစားရတဲ့ အချိန်မျိုး စနစ်မျိုး ကုန်စေချင်နေပြီဆိုတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ အပြင်မှာဖြစ်ဖြစ် အင်တာနက်မှာပဲဖြစ်ဖြစ် လောကကြီးဟာ အမုန်းတရားတွေကနိုင်သွားပြီ၊ ရန်လိုရိုင်းပြမှုတွေဖုံးသွားပြီ၊ ရက်စက်ခြင်းတွေက ပွဲသိမ်းသွားပြီလို့မထင်ကြဘဲ လောကကိုကောင်းအောင် နေချင်စရာကောင်းအောင် စောင့်ရှောက်နေတဲ့သူတွေ ထုနဲ့ထည်နဲ့ရှိတယ်ဆိုတာ ဆောင်းပါးရှင်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူငယ်တွေဘဝမှာ လောကဓံနဲ့ ကြုံတွေ့တဲ့အခါ သူတို့ကို အထိုက်အသင့်ရင်ဆိုင်စေပြီးတော့ အဲဒီကနေမှ သင်ခန်းစာယူတတ်စေဖို့နဲ့ မလျှော့လွန်း မတင်းလွန်းတဲ့ ပုံစံနဲ့ကိုင်တွယ်ဖို့လိုတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ကျား/မတန်းတူအခွင့်အရေးဆိုတဲ့ ကိစ္စတွေနဲ့ ပက်သက်ပြီး အမျိုးသမီးတွေ၊ လူငယ်တွေကြားထဲမှာ ဆွေးနွေးငြင်းခုန်မှုတွေ အားကောင်းလာဖို့နဲ့ အဖြေမှန်ကိုလည်းရှာတွေ့ကြဖို့ ဆောင်းပါးရှင်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူငယ်တွေရဲ့ စုပေါင်းအားနဲ့ စာပေဟောပြောပွဲကြီး တစ်ခုလုံးကို အဆင်ပြေချောမွေ့ပြီးအောင်ပွဲတစ်ခုရအောင် လုပ်ဆောင်နိုင်ခဲ့တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူငယ်တွေကျောင်းပြီးတဲ့အခါမှာ သင်တန်းတွေဆက်တက်တာပဲဖြစ်ဖြစ် အလုပ်ခွင်ထဲကိုတန်းဝင်တာပဲဖြစ်ဖြစ် နှစ်သက်ရာကိုလုပ်နိုင်ပေမယ့် ပျော်ရွင်ဖို့နဲ့ အောင်လက်မှတ်ရဖို့သက်သက် သင်တန်းတွေတက်တာမျိုး မလုပ်သင့်ကြောင်းနဲ့ လက်တလော မိဘတွေကြွားလို့မကောင်းတဲ့အလုပ်ဖြစ်နေပါစေ တစ်ချိန်မှာရရှိလာမယ့်ရင့်ကျတ်မှုကို ဘာနဲ့မလဲနိုင်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူငယ်တွေအနေနဲ့ ကိုယ့်လုပ်ရပ်တွေဟာ ကျောင်းထဲ၊ အရပ်ထဲကနေ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အလုပ်တွေမှာပါ သက်ရောက်မှုရှိတာဖြစ်လို့ ဘယ်ကိစ္စမဆို ပရော်ဖက်ရှင်နယ်ဆန်ဆန် စဉ်းစားပြီးလုပ်ရင်တော့ ပရောဖက်ရှင်နယ်နဲ့ဆိုင်တဲ့ ရလဒ်ကိုရမှာဖြစ်ပြီး အပျော်တမ်းဆန်တဲ့စဉ်းစားပုံနဲ့ဆိုရင်တော့ အပျော်တမ်းဆန်တဲ့ ရလဒ်ပဲရမယ်ဆိုတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ငယ်ရွယ်နုနယ်သေးတဲ့ ကလေးတွေရဲ့ နှလုံးသားတွေမှာ စာနာစိတ်ဆိုတဲ့တရားကို မရှိမဖြစ်ထည့်ပေးကြဖို့ သင်ခန်းစားတွေ ပြဌာန်းချက်တွေနဲ့ သင်ပေးကြဖို့လိုတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူ့အဖွဲ့အစည်းဟာ လူငယ်တွေအပေါ်မှာ မူတည်နေတာဖြစ်လို့ အဲ့ဒီလူငယ်တွေ နှစ်ကူးတစ်ခုကို ဘယ်လိုဖြတ်သန်းကြသလဲ၊ မေ့လျော့ပေါ့ဆပြီး ဖြတ်သန်းကြသလား၊ သတိတရားနိုးကြားမှုနဲ့ဖြတ်သန်းကြသလား၊ ပျော်ရွှင်မှုနဲ့အတူ အကျိုးရှိရာရှိကြောင်းကို ဘယ်လိုများလုပ်နိုင်ကြမလဲဆိုတာ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူငယ်တွေထဲမှာ ခရီးသွားရင်းဓါတ်ပုံရိုက်တဲ့ အခါ ကိုယ့်ပုံပဲကိုယ်ရိုက်နေတာမျိုးမဟုတ်ဘဲ ဒေသတစ်ခုလုံးကိုမှတ်တမ်းတင်တာမျိုးနဲ့ အဲဒီဒေသရဲ့အကြောင်း ကို ရသလောက်မေးမြန်းပြီး ပြန်ပြောပြနိုင်အောင်လုပ်တဲ့လူငယ်တွေနဲ့ ခရီးသွားရင် ကိုယ့်ပုံပဲကိုယ်ရိုက်ပြီး ဘာမှ မှတ်တမ်းမှတ်ရာမလုပ်တဲ့ လူငယ်တွေယှဉ်တဲ့အခါ ကိုယ့်ဘ၀ကိုယ် တန်ဖိုးရှိရှိတည်ဆောက်နိုင်သူနဲ့ မတည်ဆောက်နိုင်သူ ကွဲပြားခြားနားသွားတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ကမ္ဘာကြီးပေါ်မှာ မတူကွဲပြားတဲ့ စနစ်တွေကို မြင်အောင်ကြည့်နိုင်ပြီးတော့ အားနည်းချက်၊ အားသာချက်တွေကို သုံးသပ်နိုင်တဲ့လူငယ်တွေဟာ အနာဂတ်မှာတော့ သူတို့အလားအလာနဲ့ သူတို့ရဲ့စဉ်းစားမှုတွေဟာ အဆင့်အတန်းတစ်ခုရှိလာပြီ၊ မြင့်လာပြီ ၊ အကောင်းဘက်ကို ပြောင်းလာနိုင်ပြီဆိုတာကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူကြီးတွေဟာ ကလေးတွေလက်လှမ်းမီတဲ့ နေရာမှာ မထားသင့်တာတွေ ထားနေကြပြီးတော့ ကလေးတွေ လက်လှမ်းမီတဲ့ နေရာမှာကြတော့ ထားသင့်တာတွေမထားကြဘူးဆိုတာ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူတွေသုံးစွဲနေတဲ့ လူသုံးကုန်တွေစပြီး အနုပညာအထိ အတွေးအခေါ်အားလုံးဟာ စိတ်ကူးကနေစပြီးလာခဲ့တာဖြစ်လို့ လူငယ်တွေအနေနဲ့ အနာဂတ်မှာ စိတ်ကူးအသစ်တွေနဲ့ အစွမ်းပြနိုင်ဖို့ အားလုံးကခင်းကျင်းပေးဖို့လိုတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ နိုင်ငံတကာက ကလေးတွေ ကိုယ့်ဘ၀လမ်းအတွက် ကိုယ့်ပြဿနာကိုယ် ဖြေရှင်းနိုင်ဖို့ စဉ်ဆက်မပြတ် လေ့လာနေကြတယ်ဆိုတာ သူတို့ရဲ့ဖုန်းတွေထဲမှာထားတဲ့ စနစ်တွေနဲ့ အပလီကေးရှင်းတွေက သက်သေပြနေပါတယ်၊ ကျနော်တို့ဆီက ကလေးတွေကရော ကမ္ဘာကြီးက ကလေးတွေနဲ့ ဘယ်လောက်ကွာနေပြီလဲ ဘယ်လိုတူအောင်လေ့ကျင့်ကြမလဲဆိုတာ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လောကကြီးရဲ့သဘောအရ ကြိုးစားတဲ့သူ၊ တာဝန်ကျေတဲ့သူထက် ထူးချွန်တဲ့သူကိုပဲ ပိုပြီးတော့ အာရုံကျကြတာ၊ ဆုချီးမြှင့်ချင်ကြတာမျိုး ဖြစ်နေတဲ့ အကြောင်းကို အမျိုးသမီးကလေးဘောလုံးပွဲနဲ့ ဥပမာပေး တင်ပြထာတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ကလေးတွေကို သိပ္ပံပညာတွေနဲ့ စာတွေသင်တဲ့အခါ ပြတိုက်နဲ့သင်တဲ့ သင်ရိုးက ဒါကျက်၊ ဒါဖြေ သင်ရိုးထက်များစွာသာကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ နိုင်ငံတကာက ပြခန်းတွေ၊ ပြတိုက်တွေနဲ့ ကလေးတွေအကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ဂျပန်နိုင်ငံရဲ့တိုးတတ်တဲ့ပညာရေးစနစ်နဲ့ ကမ္ဘာကြီးမှာ အောင်မြင်နေတဲ့နိုင်ငံတွေက ပညာရေးစနစ်အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ဂျပန်နိုင်ငံရဲ့ ပညာရေးမှာ ကလေးငယ်တွေအတွက် သုံးသပ်နိုင်စွမ်းရှိတဲ့ ပညာရေးစနစ်အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ဘဝဆိုတာ စာစီစာကုံးတစ်ပုဒ်လိုပဲလို့ လူငယ်တွေနဲ့ ဆွေးနွေးဖြစ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ စွန့်ပစ်ခံမိဘမဲ့ ကလေးငယ်တွေနဲ့ မိခင်သာရှိပြီး ဖခင်မရှိတဲ့ ကလေးငယ်တွေအကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ပြက္ခဒိန်ရဲ့မူလအစက ပုဂ္ဂိုလ်တွေ၊ ဒုတိယကမ္ဘာစစ်ကို အောင်နိုင်အောင်တိုက်ခဲ့ပြီး ခေတ်သမိုင်းကို ဖန်တီးနိုင်ခဲ့တဲ့သူတွေအကြောင်း လူငယ်တွေနဲ့ ဆွေးနွေးဖြစ်တာကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ နိုင်ငံတကာသုံးပြက္ခဒိန်အရ မြန်မာ့လူငယ်ထုကြားမှာ နှစ်တစ်နှစ်ပြောင်းလဲတိုင်း လူငယ်အနေနဲ့ နှစ်သစ်ကိုကြိုဆိုရာမှာ ခံယူချက်၊ နားလည်ပုံ၊ မြင်ပုံကို ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ လူငယ်တွေ တစ်ခေတ်တစ်ခါက ကားစပါယ်ယာလေသံနဲ့ ကြမ်းတမ်းတဲ့အပြောအဆိုတွေ၊ အပြုအမူတွေရှိခဲ့တဲ့အကြောင်းနဲ့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့သူတွေကို နှိမ့်ချဆက်ဆံတာမျိုးမလုပ်ကြဖို့ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ပုဂံဒေသကလူငယ်တွေ မိမိရဲ့ပတ်ဝန်ကျင်မှာရှိတဲ့သူတွေကို စိတ်အနှောက်အယှက် မဖြစ်ရအောင် ပြုမူနေထိုင်ကြတဲ့အကြောင်း၊ နယ်စပ်ဒေသကလူငယ်တွေရဲ့ဒေသန္တရဗဟုသုတပိုင်းမှာ တခြားဒေသကလူငယ်တွေနဲ့ ခြားနားနေပုံ၊ ဒါ့အပြင် ထိုင်းဘုရင်ကို ပြည်သူတွေ ဘာကြောင့်ချစ်ခင်မြတ်နိုးကြတာလဲ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူငယ်ထုကြားမှာ နိုင်ငံရေးလုပ်တာနဲ့ လူမှုရေးလုပ်တယ်ဆိုတာကို ခွဲခြားနားလည်ထားကြပေမယ့် ဘယ်ခေါင်းစဉ်အောက်မှာပဲလုပ်လုပ် နိုင်ငံ့အရေးမှာကြုံနေရတဲ့ပြဿနာတွေကို အခြေခံနေတာကြောင့် အားလုံးဟာ နိုင်ငံရေးနဲ့ စပ်ဆက်မှုရှိနေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံက လူငယ်အတော်များများက မိဘတွေကို မှီခိုနေရပြီး နိုင်ငံတကာက လူငယ်တွေက အမှီအခိုကင်းမဲ့နေကြပါတယ်။ နှိုင်းယှဉ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ဒီကနေ့ခေတ် ထောင်တွေမှာ အရက်နဲ့ မူးယစ်ဆေးဝါးကြောင့် အမှုတွေအများဆုံးဖြစ်နေတဲ့အတွက် အရက်နဲ့ မူယစ်ဆေးဝါး ဆိုးကျိုးတွေကို လူငယ်တွေအတွက် အသိပညာပေးမြင့်တင်ပေးဖို့နဲ့ နယ်ဒေသအသီးသီးမှာ ဆယ်ကျော်သက်ကလေးတွေ စည်းကမ်းမဲ့ဆိုင်ကယ်စီးတာကို ဘယ်လိုဖြေရှင်းကြမလဲ။ ထိုင်းနိုင်ငံမှာဆိုရင် အရက်နဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လောကမှာ၊ လူနေမှုပတ်ဝန်းကျင်မှာ လူငယ်တွေ မလုပ်ရဘူးဆိုတဲ့အရာတွေ၊ လုပ်ရမယ်ဆိုတဲ့အရာတွေကို နားလည်မှုအပိုင်းမှာ လွဲမှားမှုတွေ ရှိနေတဲ့အကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ နိုင်ငံတကာကျောင်းမှာ ပညာသင်ကြားနေတဲ့ လူငယ်တစ်ဦးရဲ့ ကမ္ဘာ့စာပေယဉ်ကျေးမှုဘာသာရပ်တိုင်း လေ့လာဆည်းပူးတဲ့အပိုင်းမှာ တခြားကျောင်းသားတွေနဲ့ မတူတာတွေရှိနေတဲ့အကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူငယ်တွေအနေနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့အာရုံစိုက်မှု၊ သူတို့ကိုစိတ်ဝင်စားလာအောင် လုပ်ဆောင်တဲ့ တချို့အပြုအမူတွေဟာ စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်ဖြစ်ရတဲ့အကြောင်းနဲ့ ၁၉၈၀ ပြည့်နှစ် အစောပိုင်းကာလ ရန်ကုန်လှိုင်တက္ကသိုလ် ကျောင်းဝန်းထဲက အဖြစ်အပျက်တစ်ခုကို ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ကလေးငယ်တွေအတွက် အရာရာကိုပြိုင်ဖက်လို့ သဘောထားတဲ့ လူ့အသိုင်းအဝန်းမှာ တစ်ယောက်နဲ့တစ်ယောက် ကူညီအားပေးမှုနဲ့ စုပေါင်းစိတ်ဓာတ်ကို ပျက်ဆီးစေတဲ့အကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူငယ်ထုကြားမှာရှောင်လွှဲလို့မရတဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်က ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူငယ်တွေကြား အလုပ်အကိုင်ရွေးချယ်မှု မတူညီတာတွေ၊ လူငယ်တွေအတွက်အမွေဆိုရာမှာ စာပေတွေ၊ မွန်မြတ်တဲ့အလုပ်တွေ၊ အကျင့်တွေ ဖြစ်တဲ့အကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ မြန်မာလူငယ်တွေ အမွေဆက်ခံပုံ၊ အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်ခြင်းတွေမှာ အနောက်နိုင်ငံက လူငယ်တွေနဲ့ မတူတာတွေ၊ ကွဲပြားခြားနားတာတွေ ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ကလေးတွေမှာရှိနေတဲ့ပြဿနာတွေကို ကျောင်းတွေက စုပေါင်းပြီး ဘယ်လိုကာကွယ်ပေးကြသလဲ၊ ဖြေရှင်းပေးကြသလဲ ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေက ကလေးငယ်တွေကို စည်းကမ်းချို့ဖောက်တာပဲဖြစ်ဖြစ် အမှားတစ်ခုခုကြောင့် အပြစ်ပေးတဲ့အခါ ရိုက်နှက်ဆုံးမတာမျိုးမဟုတ်ဘဲ တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရတဲ့အကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ တယ်လီဖုန်းတွေ Taplap ခေါ်တဲ့ ဆက်သွယ်ရေးကိရိယာတွေ အသုံးများလာတဲ့ ကလေးငယ်တွေဟာ လူနေမှုပတ်ဝန်းကျင်းနဲ့ ကင်းကွာလာတဲ့အပြင် လူမှုဆက်ဆံရေးမှာလည်း နိမ့်ကျလာတဲ့အကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ လူကြီးတွေအနေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ကလေးငယ်တွေရဲ့ဓာတ်ပုံတွေ အသုံးပြုနေတာကို သတိထားဖို့နဲ့ နောက်ဆက်တွဲဖြစ်လာနိုင်မယ့် ပြဿနာတွေကို စဉ်းစားဖို့ ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူငယ်တွေ မေးခွန်းထုတ်နိုင်ဖို့၊ တွေးဆနိုင်ဖို့ ကောက်ချက်ချနိုင်ဖို့ သုတ၊ ရသနဲ့ ဒဿနစာပေ အကြောင်း ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ကလေးငယ်တွေက မတူတဲ့အမြင်နဲ့ ရေးသားတဲ့စာစီစာကုံးအပေါ် ထိခိုက်စေမဲ့ မှတ်ချက်ပေးတာမျိုး မဖြစ်ဖို့ ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ခေတ်လူငယ်နဲ့ လူကြီးတွေကြားမှာ ဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အဆင်မပြေမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူငယ်တွေအနေနဲ့ ကမ္ဘာ့ယဉ်ကျေးမှု၊ စာပေတွေမှာ လူ့အဖွဲ့အစည်းအတွက် တိုးတတ်ရာတိုးတတ်ကြောင်း၊ အကျိုးရှိရာရှိကြောင်းကိုသာ အတုယူကြဖို့ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ကလေးငယ်တွေအတွက် အခြေခံသင်ကြားရတဲ့ပညာရေးဟာ လက်တွေ့အသုံးချလို့ရတဲ့ သဘောတရားများဖြစ်ဖို့ လိုအပ်နေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ စက်မှုနဲ့နည်းပညာကျောင်းသားတွေအတွက် တီထွင်ဆန်းသစ်မှု၊ ဖန်တီးမှု အားကောင်းလာအောင် ပံ့ပိုးကူညီမှုတွေ လိုအပ်နေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ စာသင်သားတွေအနေနဲ့ သိပ္ပံဘာသာရပ်တွေနဲ့ဆိုင်တဲ့ သီအိုရီတွေကို စနစ်တကျမလေ့လာကြပဲ အလွတ်ကျက်မှတ်တာတွေကြောင့် ဘာသာရပ်ဆိုင်ရာ သဘော တရားပိုင်းမှာ အားနည်းနေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ကလေးငယ်တွေအတွက် ကျောင်းပညာရေးအပြင် အားကစားဟာ ဘာကြောင့်အရေးပါနေ ရတာလဲ။ အစိုးရစာသင်ကျောင်းတွေနဲ့ ပုဂ္ဂလိကစာသင်ကျောင်းတွေ မတူတဲ့အပိုင်းတွေကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ မြို့ပြတွေက ကလေးငယ်တွေအတွက် နောက်ဖေးလမ်းကြားတွေကို အနုပညာလက်ရာမြောက် ပန်းချီတွေဖန်တီးပေးနိုင်းသလို ကိုရီးယားနိုင်ငံ မြို့လေးတစ်မြို့က မြို့သူမြို့သားတွေစုပေါင်းပြီး ဖန်းတီးထားတဲ့ လမ်းကြားပန်းချီတွေအကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ကလေးငယ်တွေရဲ့၁ဝ တန်းစာမေးပွဲနဲ့ အောင်စာရင်းကိစ္စ၊ ရှမ်းပြည်နယ်စစ်ဘေးရှောင်ဒေသက ကလေးငယ်တွေဟာ ၁ဝ တန်းပညာရေးကို ခက်ခက်ခဲခဲသင်ယူနေရတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ပိုင်းခြားဝေဖန်တတ်တဲ့ကလေးတွေဖြစ်လာဖို့ဆိုရင် ကျောင်းပညာရေးတစ်ခုတည်းနဲ့ မလုံလောက်ဘူး ဆိုတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ နှစ်ပေါင်း ၉ဝ ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ စိုက်ပျိုးရေးတက္ကသိုလ် အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ကလေးငယ်တွေကို လူ့အဖွဲ့အစည်းနဲ့ လက်တွဲဆောင်ရွက်တတ်အောင် ပညာရေးကဏ္ဍကအစပြုပြီး တစ်ဦးတစ်ယောက်ချင်းထူးချွန်အောင် ဆောင်ရွက်ပေးတာမျိုးမဟုတ်ဘဲ အုပ်စုနဲ့ အလုပ်လုပ်တတ်အောင်၊ ပြဿနာတွေကို ဖြေရှင်းတတ်အောင် အလေ့အကျင့်တွေ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာ့ပညာရေးမှာ အခြေခံကစလို့ တစ်ဦးတစ်ယောက်ထူးချွန်မှုကိုသာ ဦးစားပေးနေပြီး အစုအဖွဲ့နဲ့ အလုပ်လုပ်တတ်အောင်၊ ပြဿနာကို ဖြေရှင်းတတ်အောင် သင်ကြားပေးတဲ့စနစ်မျိုးမဟုတ်သလို မြန်မာ့ ပညာရေးနဲ့ ဂျပန်နိုင်ငံက ပညာရေးစနစ် ဘာတွေကွာခြားနေသလဲ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ကလေးငယ်တွေကို စုပေါင်းပြီး နေတတ်အောင်၊ အလုပ်လုပ်တတ်အောင် အများပြည်သူပိုင်ပန်းခြံတွေက အထောက်အကူပေးနိုင်သလို ကလေးငယ်တွေဆော့ကစားတဲ့ ဂိမ်းစက်တွေရဲ့ ဆိုးကျိုးတွေအကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ စာပေ၊ ဂီတ၊ ပန်ချီ၊ ကဗျာတွေဟာ ကလေးငယ်တွေအတွက် အကောင်းဆုံးလက်ဆောင်တွေ ဖြစ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံရဲ့ကလေးများနေ့မှာ ရုံးတွေပိတ်တာမျိုးမရှိသလို ကိုရီးယားနိုင်ငံရဲ့ကလေးများနေ့ နဲ့ ပညာသင်ကြားရေးစနစ်မှာလည်း မြန်မာနိုင်ငံနဲ့ မတူတာတွေရှိနေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ကလေးတွေကို လွတ်လွတ်လပ်လပ် ပုံဆွဲခိုင်းခြင်းအားဖြင့် မတူတဲ့ဒီဇိုင်းသစ်တွေကို ဖန်တီးနိုင်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။/p>

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ မြန်မာနိုင်ငံအနေနဲ့လည်း အရက်၊ ဆေးရွက်ကြီးနဲ့ပတ်သက်တဲ့ အသက် ၁၈ နှစ်အောက်ကလေးငယ်တွေ မဝယ်ဖို့၊ မသောက်ဖို့၊ တားမြစ်ထားတဲ့ဥပဒေရှိပေမယ့် တိကျတဲ့လိုက်နာမှု မရှိဘူးဆိုတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။/p>

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ သမဝါယမခေတ်က ဖြတ်သန်းခဲ့ရတဲ့ လူငယ်တွေရဲ့ အတွေ့အကြုံ နဲ့ ဘဝဆိုတာအကောင်းကြီးပဲ လိုချင်လို့မရကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်စနစ်တွေက လူငယ်တွေကို အတွေးအခေါ်တွေ ပေးခဲ့တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။/p>

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ သင်္ကြန်ဆိုတာကို လူငယ်တွေ ဘယ်လိုရွေးချယ်ကြပါသလဲ၊ တစ်ချိန်တုန်းက လူငယ်တွေနဲ့ ဟစ်ပီ ယဉ်ကျေးမှု ( Hippie culture ) အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ လူငယ်တွေအနေနဲ့ အခြေအနေတရပ်ကို တီထွင်ဖန်တီးဖို့ဆိုရင် ရုပ်ဝတ္ထု၊ ပညာ၊ အတွေးအခေါ်အယူအဆတွေ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် "ခဏလေးစောင့်လိုက်ရင် အသက်ရှင်မယ်၊ ကားမောင်းနေစဉ် စည်းကမ်းဆင်ခြင်၊ နိုင်ငံကြီးသားပီသသူများ စည်းကမ်းလိုက်နာကြ " ဆိုတဲ့ ကလေးငယ်တချို့ရဲ့ လှုပ်ရှားမှုအကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ကလေးငယ်တွေကို အသက် ၅ နှစ်ပြည့်မှ အခြေခံပညာမူလတန်းအဆင့်မှာ ကျောင်းထားရမယ်လို့ သက်မှတ်ထားပေမယ့် မိဘတချို့က သားသမီးတွေကို အသက်မပြည့်ဘဲ လိမ်လည်ပြီး ကျောင်းထားတာ၊ ကလေးတွေကို အရွယ်မတိုင်ခင် လိမ်လည်လှည့်ဖြားခြင်းကို သင်ပေးတာဟာ ကျင့်ဝတ်ချိုးဖောက်ဖို့ စပြီးသင်ပေးသလိုမျိုး ဖြစ်နေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြို့ပြတွေက ကလေးငယ်တွေအတွက် အခမဲ့ကလေးကစားကွင်းတွေ ဘာကြောင့် လိုအပ်တာလဲ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံရဲ့ ကလေးငယ်တွေအတွက် သမိုင်းကိုသင်ယူချင်လို့ပဲဖြစ်စေ၊ သိပ္ပံကို လေ့လာချင်လို့ပဲဖြစ်စေ၊ ပထဝီကိုစူးစမ်းချင်လို့ပဲဖြစ်စေ ပြတိုက်တွေ လိုအပ်နေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူကြီးတွေအနေနဲ့ ကလေးတွေကို ဘယ်လိုအကြောင်းအရာကိုပဲပြောပြာ အဓိကနဲ့ သာမညကို ကွဲကွဲပြားပြား ပြောဆိုဖို့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဥပမာပေးပြီး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ နယ်ပယ်အသီးသီးမှာ ကလေးငယ်တွေကြုံနေရတဲ့ ပြဿနာတွေကို သိရှိဖို့ နေပြည်တော်မှာရှိတဲ့လွှတ်တော် ၂ ရပ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကလေးငယ်တွေ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ မကွေးဆေးတက္ကသိုလ်ဟာ ကျောင်းသူကျောင်းသားတွေရဲ့စုပေါင်းအားနဲ့ စာပေ၊ ဂီတ၊ အနုပညာလက်ရာတွေ အောင်မြင်မှုရှိနေတာဟာ အခြားပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ ဆေးတက္ကသိုလ်ကျောင်းတွေနဲ့ နှိုင်းယှဉ်ရင် မတူခြားနားမှုတွေ ရှိနေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူကြီးတွေအနေနဲ့ ကလေးတွေကို ကြီးလာရင်ဘာလုပ်မလဲ မေးနေမယ့်အစား အသက်မွေးဝမ်းကြောင်းအားလုံးဟာ ဆိုင်ရာဆိုင်ရာ လူ့အဖွဲ့အစည်းအတွက် တန်ဘိုးရှိတယ် အသုံးဝင်တယ်အကြောင်းကို ရှင်းပြဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ မန္တလေးတိုင်း ပုဂံဒေသက ကလေးငယ်တွေဟာ ပညာသင်ကြားရေးမှာ ဘုန်းတော်ကြီးကျောင်းတချို့ ဘာ့ကြောင့် အရေးပါနေသလဲ ဒါ့အပြင် ပုဂံဒေသက ကလေးငယ်တွေရဲ့ ကွဲပြားခြားနားမှု အပိုင်းတွေနဲ့ ပတ်သက်ပြီး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ နှလုံးသားလှတဲ့ ကလေးတွေဖြစ်လာဖို့ဆိုရင် အရွယ်နဲ့ သင့်တော်တဲ့ စာကောင်းပေကောင်း ကလေးစာပေတွေ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ကလေးစာပေနဲ့ ကာတွန်းတွေထဲက ကလေးငယ်တွေအတွက် ဖန်တီးထားတဲ့ဇာတ်ကောင်တွေအကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ကလေးငယ်တွေအတွက် ကျောင်းစာအပြင် ရုပ်ပြကာတွန်း၊ ပုံပြင်၊ ဝတ္ထု နဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ဘာ့ကြောင့်လိုအပ်တာလဲ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ မြန်မာပြည် အနယ်နယ် အရပ်ရပ်က ကလေးငယ်တွေဟာ စာသင်ကြားရာမှာ ဒေသတစ်ခုနဲ့တစ်ခု မတူတာတွေ ရှိနေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ လူကြီးတွေက နောက်မျိုးဆက်တွေအတွက် လမ်းမှန်ကိုပြနိုင်တဲ့ စာပေ၊ ရုပ်ပုံတွေနဲ့ အသံတွေကို ကလေးတွေအတွက် သင်ကြားနိုင်အောင် ဟောပြောပို့ချနိုင်အောင် ပြုစုပြဌာန်းနိုင်ဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ယုံကြည်မှုအပြည့်နဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ကလေးတွေ ဖြစ်လာဖို့ဆိုရင် ကျောင်းပညာရေးတွေသာမက ပြင်ပစာပေတွေ သင်ကြားပေးဖို့ လိုသလို ဘယ်အရာကိုမဆို ယုံကြည်မှုရှိအောင်လည်း လုပ်ပေးဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေရတဲ့ မိသားစုက ကလေးငယ်တွေဟာ ရတဲ့နည်းနဲ့ ပညာသင်ကြားနေရတဲ့အကြောင်း နဲ့ စစ်ဘေးဒဏ်သင့်မိသားစုက ကလေးငယ်တွေ ပညာသင်ကြားဖို့ အခက်အခဲရှိနေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ရန်ကုန်လို မြို့ကြီးတွေမှာ ကလေးငယ်တွေ ပညာသင်ကြားနေကြတဲ့စာသင်ကျောင်းတွေကို ရွေးချယ်ပြီး မိဘတချို့က သူတို့ရဲ့ သားသမီးတွေကို ကျောင်းထားကြပါတယ်။ ဒီလိုထားခြင်းအားဖြင့် ဘယ်လိုပြဿနာတွေ ရှိနေပြီး ဒါကို ဘယ်လိုဖြေရှင်းကြမလဲ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ ကလေးငယ်တွေအနေနဲ့ သက်ရှိသက်မဲ့အပေါ်မှာ လိုလားခြင်း၊ ချစ်ခြင်း၊ မုန်းခြင်းဆိုတာတွေဟာ နေရာဒေသအလိုက် ကွဲပြားမှုတွေ ရှိနေတယ် ဆိုတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတစ်ပတ်မှာတော့ အဖြစ်အပျက်တွေအားလုံးမှာ အမှား၊ အမှန်ခွဲခြားတာမျိုးမဟုတ်ဘဲ နိုင်ငံအလိုက် ယဉ်ကျေးမှုအရ၊ ရုပ်ဝတ္ထုအရ မတူတဲ့အပိုင်းတွေ ရှိနေတဲ့အကြောင်း ကလေးငယ်တွေ ကျယ်ကျယ်ပြန့်ပြန့်သိဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာ ကျောင်းစာသင်ခန်းတွေမှာရှိတဲ့ စာသင်ခုံတွေ ရှေ့နောက် မဖြစ်ရအောင် ဘယ်လိုပြောင်းလဲကြမလဲ၊ ကလေးငယ်တွေရဲ့ ပြဿနာကို ဖြေရှင်းရာမှာ အတွေ့အကြုံအရ ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရေး စနစ်မှာ ကျောင်းဆရာ၊ ဆရာမတွေက ကလေးတွေရဲ့ စာမေးပွဲရမှတ်ကို အခြေခံပြီး ABC လို့ခေါ်တဲ့ အဆင့်တွေ သတ်မှတ်ထားတဲ့အတွက် ကျောင်းသားမိဘတွေကြားမှာ မတူတဲ့အမြင် အမျိုးမျိုးရှိနေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ကလေးတွေရဲ့ အားသာချက် အားနည်းချက်တွေကို ဘာတွေနဲ့ တိုင်းတာကြမလဲ ပညာရေးလို့ဆိုရာမှာလဲ အားသာချက်တွေကို ဖော်ထုတ်ပေးနိုင်တဲ့ စနစ်မျိုးဖြစ်ဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ လျှပ်စစ်မီး တီထွင်တဲ့ ကလေးတစ်ယောက်အကြောင်း၊ မိဘတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေက ကလေးတွေကို စိတ်အနာတရဖြစ်အောင် လွယ်လွယ်နဲ့ မှတ်ချက်ပေးတာမျိုး မဟုတ်ဘဲ သူတို့ရဲ့ အားသာချက်တွေကို ရှာဖွေပေးနိုင်ဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာ မြန်မာနိုင်ငံအလယ်ပိုင်းက ကျောင်းနေအရွယ်ကလေးငယ်တချို့ မိသားစုဝမ်းရေးပြဿနာကြောင့် မိဘတွေနဲ့အတူ အလုပ်လုပ်နေရတဲ့အကြောင်း ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို မြန်မာနိုင်ငံရဲ့ တန်ဖိုးထားမှုဟာ နော်ဝေးနိုင်ငံရဲ့ တန်ဖိုးထားမှုနဲ့ ကွာဟနေတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ကျောင်းစာသင်ခန်းတွေမှာ ကျောင်းသားနဲ့ ဆရာအချိုးအစား၊ ကလေးတွေအတွက် စွမ်းရည်မြှင့်တင်တဲ့နေရာမှာ ကျောင်းစာတစ်ခုတည်းနဲ့ လုံလောက်မှုမရှိဘူးဆိုတဲ့အကြောင်း ဆရာ၊ မရာမတွေဟာ ရာထူးအလိုက် လစာငွေ ကွာဟချက် ကလေးတွေအရေးနဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတွေနဲ့ ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ကလေးတစ်ယောက်ရဲ့ ကိတ်မုန့်တစ်လုံးအကြောင်းနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတတ်တဲ့ ကလေးတွေဖြစ်အောင် ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းနဲ့ လူကြီးတွေက အားပေးကူညီဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ သတ္တိရှိတဲ့ကလေးတွေဖြစ်အောင် အရာရာကို အလွတ်ကျက်တာမျိုးမဟုတ်ဘဲ ပိုင်းခြားဝေဖန်တတ်တာမျိုး၊ သတ္တိကောင်းအောင်၊ ဥာဏ်ပညာကောင်းအောင် ဘက်ပေါင်းစုံက ပြုစုပျိုးထောင်းပေးဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ မြန်မာနိုင်ငံရဲ့ ကလေးငယ်တွေကို တခြားနိုင်ငံက ကလေးတွေလိုပဲ မလိုလားအပ်တဲ့ အကြောက်တရားတွေ မရှိအောင်၊ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်နဲ့ အမှီအခိုကင်းအောင် ကျောင်းနေအရွယ်မှာ ပြုစုပျိုးထောင်းပေးကြဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ စစ်ဘေးဒဏ်ခံနေရတဲ့ ကလေးသူငယ်တွေရဲ့ အဟာရ မပြည့်ဝမှု၊ လမ်းဘေးနဲ့ စာသင်ကျောင်းတွေမှာ ရောင်းချနေတဲ့အစားအစာတွေဟာ ရောဂါမဖြစ်အောင် မတားဆီးနိုင်သေးတဲ့အကြောင်းနဲ့ ကျောင်းနေအရွယ်ကလေးသူငယ်တွေ သွားရေးလာရေးအတွက် အန္တရာယ်မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ လူငယ်ဆိုတာ အနာဂတ်ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာနေတဲ့ကလေးသူငယ်တွေကိုလည်း အန္တရာယ်ကင်းအောင် ကူညီစောင့်ရှောက်ကြဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ လူငယ်ဆိုတာ အနာဂတ်ရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် ကလေးသူငယ်တွေ အိမ်အပြင်ထွက်တဲ့အခါ အန္တရာယ်ကင်းအောင် ကူညီစောင့်ရှောက်ကြဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့