ကမ္ဘာတဝှမ်းမှာ လူပေါင်း သန်း ၆၀ ကျော်ဟာ မျက်စိအတွင်းတိမ်ဝေဒနာ ခံစားနေရပါတယ်။ အတွင်းတိမ် ဖြစ်တာဟာ မျက်စိအမြင်လွှာ ပျက်စီးခြင်းရဲ့ အဓိက ရောဂါတစ်ခုပဲဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ဒီရောဂါက အဖြစ်အများဆုံး ရောဂါတွေထဲက တခုပါ။
မျက်စိအတွင်းတိမ်ရောဂါကို ကြိုတင်ကာကွယ်ဖို့ မလွယ်ကူဘူးဆိုပေမယ့် ရောဂါမရင့်ခင် ကုသနိုင်ရင်တော့ မျက်စိအမြင်အာရုံဆုံးရှုံးမှုကို တားဆီးနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံက မျက်စိအတွင်းတိမ်ရောဂါ ဖြစ်ပွားမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး မမြသဲခိုင်က RFA အတွက် ရိုက်ကူးတင်ဆက်ထားပါတယ်။