ရှစ်လေးလုံး ထီးသပိတ်ရဲ့ မှတ်တမ်းဓာတ်ပုံသမား

စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၃၃)

ဒီတစ်ပတ်အစီအစဉ်မှာတော့ ရန်ကုန်မြို့က လူစည်ကားတဲ့နေရာတွေမှာ ရှစ်လေးလုံးထီးသပိတ် ပြုလုပ်ခဲ့တဲ့သူတွေကို ဓာတ်ပုံမှတ်တမ်းရိုက်ကူးလို့ ထောင်ချခံခဲ့ရတဲ့ ကိုစစ်မင်းနိုင်နဲ့ စကားပြောထားပါတယ်။

သူဟာ အဖမ်းခံရတဲ့အချိန်က ညှင်းပမ်းနှိပ်စက်ခံရသလို အကျဉ်းထောင်ထဲမှာ သုံးနှစ်ကျော်နေခဲ့ရပါတယ်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝတွေအကြောင်း ပြောပြပေးမဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါပြီ။ ဒီအစီအစဉ်ကို RFA Burmese ရဲ့ Website, Facebook နဲ့ YouTube စာမျက်နှာတွေကနေ ကြည့်ရှုနားဆင်နိုင်ပါတယ်။