ဒီတစ်ပတ်အစီအစဉ်မှာတော့ ၂၀၂၁ ခုနှစ်မတိုင်ခင်က မြင်းခြံဒီဂရီကောလိပ်မှာ ဒုတိယနှစ်ကျောင်းသားဘဝနဲ့ ပရဟိတအလုပ်တွေလုပ်ခဲ့တဲ့လူငယ်ဟာ စစ်အာဏာသိမ်းတာကြုံလိုက်တဲ့အခါမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ခေါင်းဆောင်ဖြစ်လာတဲ့ ကိုမိုက်ခဲနဲ့ စကားပြောထားပါတယ်။
ကိုမိုက်ခဲ လက်နက်ကိုင်တော်လှန်ရေးမှာဝင်ပါလိုက်တဲ့အတွက် မိဘတွေတိမ်းရှောင်ရသလို၊ ဦးလေးတစ်ယောက်အသတ်ခံလိုက်ရပြီး၊ တရွာတည်းသားတွေလည်းရိုက်နှက်ခံရ ငွေညှစ်ခံရတာတွေလည်းရှိတယ်လို့ ပြောပြပါတယ်။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း ပြောပြပေးမဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါပြီ။ ဒီအစီအစဉ်ကို RFA Burmese ရဲ့ Website, Facebook နဲ့ YouTube တွေကနေ ကြည့်ရှု နားဆင်နိုင်ပါတယ်။
