မြန်မာသတင်းသမားတွေ အတွက် တရုတ်သံရုံးရဲ့မူဝါဒ

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက မှီခိုအားထားနေရတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတခု ဖြစ်ပေမယ့် မြန်မာနိုင်ငံလောက် သတင်းလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကို သတင်းကိစ္စနဲ့ သွားမယ့် မြန်မာသတင်းသမားတွေကို မသွားခင်ကတည်းက "တရုတ်နိုင်ငံရေးအကြောင်း မရေးပါဘူး" ဆိုပြီး သံရုံးမှာ ကတိပြု လက်မှတ်ရေးထိုးခိုင်းနေတယ် ဆိုတဲ့သတင်းတွေလည်း ကြားနေရပါတယ်။

ဒီလို ကန့်သတ်ချက်တွေကြောင့် မြန်မာသတင်းသမားတချို့ တရုတ်နိုင်ငံကိုမသွားဖို့ ငြင်းဆိုနေတဲ့အကြောင်း RFA သတင်းထောက် ကိုသန့်ဇင်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။

(ရိုက်ကူး/တင်ဆက် - သန့်ဇင်ဦး)