ဘာသာစကားစုံပညာရေးစနစ်

တိုင်းရင်းသားလူမျိုးနဲ့ ဘာသာစကားစာပေ အမျိုးစုံတဲ့ မြန်မာနိုင်ငံမှာ "မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ်" ကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အထောက်အကူပြုမယ်လို့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ယုံကြည်ကြပါတယ်။ "မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံပညာရေးစနစ်" နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် တိုင်းရင်းသားလူမျိုးရေးရာစင်တာက သုတေသနစာတမ်းတစ်စောင် ထုတ်ဝေဖြန့်ချီထားပါတယ်။ တိုင်းရင်းသားလူမျိုးရေးရာစင်တာ ဒုတိယအလုပ်အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ပညာမွန်ကို RFA သတင်းထောက် ကိုသီဟထွန်း တွေ့ဆုံမေးမြန်းထားပါတယ်။