မြန်မာနိုင်ငံမှာ မုတ်သုန်မိုးရွာသွန်းမှု နည်းပါးလာတဲ့အတွက် တောင်သူလယ်သမားတွေ မိုးရေကို အားထားရတဲ့ စိုက်ပျိုးနည်းအစား တခြားရေကို အားထားလို့ရတဲ့ စိုက်ပျိုးနည်းကို ပြောင်းသင့်တဲ့အကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က အကြံပြုလိုက်ပါတယ်။ မနေ့က မကွေးမြို့မှာ ပြုလုပ်တဲ့ဟောပြောပွဲမှာ ဦးထွန်းလွင်က အခုလို အကြံပြုခဲ့တာပါ။ RFA သတင်းထောက် ကိုဇော်တူးက မကွေးမြို့ကနေ သတင်း ပေးပို့ထားပါတယ်။
