သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားကျောင်းသူနဲ့ ဝန်းရံသူတွေထဲက ၈ ဦးဟာ မနေ့ညပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသ ခံနေရပါတယ်။ ဆေးကုသခံယူနေသူတွေထဲက ဖမ်းဆီးခံကျောင်းသားတယောက် ဖြစ်တဲ့ ကိုဘိုဘိုမျိုးကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံမေးမြန်းထားပါတယ်။